Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံပါတီ ZPM က မဲဆန္ဒနေရာအများစု အနိုင်ရရှိ

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံပါတီ ZPM က မဲဆန္ဒနေရာအများစု အနိုင်ရရှိ

0
By Editor on December 4, 2023 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံနိုင်ငံရေးပါတီ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိထားသည်ဟု ဒေသတွင်း ရုပ်သံသတင်းဌာန Zonet က ဖော်ပြသည်။

နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ မဲရလာဒ်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစ၍ ရေတွက်ကြရာမှာ မဲဆန္ဒနယ်မြေ ၄၀ တွင် ZPM ပါတီက ၂၇ နေရာ၊ လက်ရှိအစိုးရ MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနှင့် INC ပါတီက ၁ တစ်နေရာရရှိခဲ့သည်ဟု Zonet ကဖော်ြပသည်။

အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိသော ပါတီကို တရား၀င် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲရေတွက်မှုအခြေအနေမှာ အပြီးသတ်ပိုင်း ရောက်ရှိသွားပြီဖြစ်သည်။

လက်ရှိ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါလည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မဲရေတွက်သည့် မဲရုံများမှ ရရှိလာသော စာရင်းများအရ Zoram People Movement (ZPM) ပါတီက မဲဆန္ဒနယ်မြေ ၂၇ နေရာမှာ အနိုင်ရရှိကြောင်း သေချာသွားပြီဖြစ်ကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။

Zoram People Movement (ZPM) ပါတီသည် ဒေသအခြေပြု အမျိုးသားရေးပါတီတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ ပေါင်းစည်းညီညွတ်ရေးကို လိုလားသော အမျိုးသားရေးပါတီတစ်ခုဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.