Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ် Lunglei မြို့က စစ်ဘေးရှောင်များ၏ မြန်မာမှတ်ပုံတင်များကို သိမ်းဆည်း၊ လိုအပ်သည့်အချိန် ပြန်ထုတ်ပေးမည်ဟုဆို

မီဇိုရမ်ပြည်နယ် Lunglei မြို့က စစ်ဘေးရှောင်များ၏ မြန်မာမှတ်ပုံတင်များကို သိမ်းဆည်း၊ လိုအပ်သည့်အချိန် ပြန်ထုတ်ပေးမည်ဟုဆို

0
By Editor on May 22, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ်၏ ဒုတိယမြို့တော် Lunglei မြို့ Electric ရပ်ကွက်ကောင်စီက ၎င်းတို့ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ မှတ်ပုံတင်ကဒ်ပြားများကို သိမ်းဆည်းထားသည်ဟု သိရသည်။

Electric ရပ်ကွက်ကောင်စီရုံးက တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့က ၎င်းတို့ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ၏ နေအိမ်များသို့ သွားရောက်ကာ မြန်မာမှတ်ပုံတင်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု Bengvarna သတင်းဌာနကဖော်ပြသည်။

မြန်မာမှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်ပြား) မရှိသည့် စစ်ဘေးရှောင်များကို သတ်မှတ်ကာလအတွင်း ယူဆောင် လာကြရန်နှင့် အကယ်၍ သတ်မှတ်ကာလအတွင်းယူဆောင်လာခြင်းမရှိပါက ရပ်ကွက်အတွင်း နေထိုင်ခွင့်ပြု မည်မဟုတ်ကြောင်း ရပ်ကွက်ကောင်စီက အသိပေးထားကြောင်းသိရသည်။

မြန်မာစစ်ဘေးရှောင်များအနေဖြင့် မြန်မာနိုင်ငံ နှင့် Lunglei မြို့အား အချိန်မရွေး သွားလိုက်ပြန်လိုက် လုပ်လေ့ရှိသည့် အတွက် မူးယစ်ဆေးဝါးအပြင် ရပ်ကွက်နေဒေသခံပြည်သူများအတွက် မလိုလားအပ်သောပြသနာများဖြစ်လာနိုင်သော ကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ဘေးရှောင်များအနေဖြင့် လိုအပ်ချက်တစ်ခုခုရှိလာသည့်အခါ နှင့် အရေးပေါ်အခြေအနေများရှိပါက မှတ်ပုံတင်များ ကို အချိန်မရွေးပြန်ထုတ်ပေးနိုင်ရန် ရပ်ကွက်ကောင်စီက စီစဉ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.