(005MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာက မြန်မာစစ်ဘေးရှောင်စခန်း မီးလောင်မှုကြောင့် ပြာကျခဲ့ရသော နေအိမ်များကို ယနေ့တွင် ကျေးရွာကောင်စီနှင့် မီဇိုးလူငယ်အသင်း (YMA) တို့၏ ဦးဆောင်မှုဖြင့် ပြန်လည်ဆောက်လုပ် ပေးခဲ့ကြသည်ဟုသိရသည်။
Sihhmui ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်စခန်း ၂ ခုရှိပြီး စစ်ရှောင်စခန်း Camp (၂) က နေအိမ် ၈ လုံးသည် ယမန် နေ့ည ၇ နာရီခန့်က မီးလောင်ပြာကျခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် Sihhmui ကျေးရွာကောင်စီအဖွဲ့နှင့် မီဇိုးလူငယ်အသင်း (YMA) တို့၏ ဦးဆောင်မှုဖြင့် မီးဘေးသင့်ပြည်သူများ ၏နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခဲ့ကြသည်ဟု နေအိမ်ဆောက်လုပ်မှုတွင်ပါ၀င်သူ Network for Unity Association (NUA) မှတာ၀န်ရှိသူတစ်ဦးဖြစ်သည့် ဆရာဇော်ထွန်းကပြောသည်။
“YMA နဲ့ ကျေးရွာကောင်စီအဖွဲ့ (VCP) တို့က အဓိကဦးဆောင်တာပေါ့နော် အလှူငွေပေးကြတဲ့ဟာတွေနဲ့ပေါ့နော် နေအိမ် တွေပြန်ဆောက်ပေးတယ် အုပ်စု ၂ စုခွဲပြီး ၀◌ါးတွေသွားခုပ်ကြတယ် တိုင်တွေကျတော့၀ယ်ရတယ် အလှူငွေတွေရ တဲ့ထဲကနေ အဲဒါတွေ၀◌ယ်ပြီးတော့ အိမ် ၈ လုံးပြန်ဆောက်ပေးတာပါ” ဟု ဆရာဇော်ထွန်းကပြောသည်။
Sihhmui စစ်ရှောင်စခန်း Camp (၂) သည် ယမန်နေ့ည ၇ နာရီ၀န်းကျင်ခန့်က ဘုရားကျောင်းတက်နေကြသည့်အချိန် တွင် မီးဖိုချောင်ကနေတဆင့် မီးစတင်လောင်ကျွမ်းကာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုအားပြင်းလာပြီး တစ်အိမ်ပြီးတစ်အိမ်ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မီးလောင်ကျွမ်းမှုတွင် မိုဘိုင်းဖုန်း (၄) လုံး၊ Solar & Battery (၉) ခုနှင့်အခြားသော အိမ်တွင်သုံးပစ္စည်းအမြောက်အများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်အကောင် ၃၀ ကျော်၊ ဝက် ၁ ကောင်၊ခွေး ၁ ကောင် မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။
Sihhmui စစ်ရှောင်စခန်း Camp (၂) တွင် အိမ်ခြေ ၇၀ ကျော်နှင့် လူဦးရေ ၃၅၀ ၀◌န်းကျင်ခန့်နေထိုင်ကြပြီး ချင်းပြည်နယ် မတူပီမြို့နယ်က အများစုဖြစ်ကြသည်။
ယနေ့ နေအိမ်ဆောက်လုပ်မှုတွင် Sairang၊ Sihhmui ကျေးရွာက မီဇိုးလူငယ်အသင်း (YMA) များ၊ ကျေးရွာကောင်စီအဖွဲ့၀င်များအပြင် Network for Unity Association (NUA) အဖွဲ့၀င်များ၊ အိုင်ဇောလ်မြို့ရှိ မြန်မာခရစ်ယာန်မိတ်သဟာရ အသင်းသားများကလည်း ပူးပေါင်းပါ၀င်ခဲ့ကြပြီး မနက်ဖြန်တွင် အပြီးသတ်ဆောက်လုပ်ကာ မီးဘေးသင့်စစ်ရှောင်များလည်း ၀င်ရောက်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆရာဇော်ထွန်းကပြောသည်။
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ကလည်း စစ်ဘေးရှောင်များအတွက် အသုံးပြုရန် မိုးကာများလာရောက်လှူဒါန်းသည့်အပြင် Mizo Zirlai Pawl (MZP) ကလည်း ရူပီးငွေ တစ်သောင်း လှူဒါန်ခဲ့သည်ဟုသိရသည်။