Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားယာဉ်တိမ်းမှောက်မှု ချင်းလူမျိုး (၃) ဦးသေဆုံး

မလေးရှားယာဉ်တိမ်းမှောက်မှု ချင်းလူမျိုး (၃) ဦးသေဆုံး

0
By Editor on May 22, 2019 Khonumthung

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်သည့် ချင်းလူမျိုး ၁၄ ဦးတို့စီးနင်းလိုက်လာသည့် ယာဉ်တစ်စီးသည် မေလ ၁၉ ရက်နေ့က တိမ်းမှောက်၍ ၃ ဦးပွဲချင်းသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းနယ်စပ်မှ ကွာလာလမ်ပူမြို့ဘက်သို့ ထွက်ခွါလာသည့် အဆိုပါကားသည် ဘာတာဝပ်မြို့နှင့် အီပိုမြို့အကြား မိုင်တိုင်အမှတ် ၁၉၀/၅ ဟိုက်ဝေးလမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသော စတီးပရိတ်ပြားများကို တိုက်မိ၍ ကားထဲပါလာသည့် လူ ၄ ယောက်သည် တံတားပေါ်မှ အောက်ဘက် ကားလမ်းမကြီးသို့ လွင့်ထွက်ပြုကျပြီး ပွဲချင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားမှာနေထိုင်သည့် Khumi Community မှ ဦးအိုက်လွင်ကပြောသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် ၇ ဦးမှာ ဒဏ်ရရာရှိပြီး တိုင်ပင်ဆေးရုံးသို့ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေကြပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။ ဒဏ်ရာအနည်းငယ်သာရရှိကြသည့် ၄ ဦးကိုမူ စစ်ဆေးရန်အတွက် မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။

ကားပေါ်သို့ လိုက်ပါလာသည့် ချင်းလူမျိုးများသည် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ နှင့် တီးတိန်မြို့နယ်တို့မှဖြစ်ကြပြီး သေဆုံးသည့် ၃ ဦးမှာ ပလက်ဝမြို့နယ် ဆမီးမြို့ကဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“ ကျနော်တို့ သေဆုံးတဲ့ မိသားစုဝင်တွေ အခုအဆက်အသွယ်လုပ်နေတယ် မလေးရှာမှာပဲ သဂြိုလ်ခွင့်ပြုတယ်ဆိုရင် မလေးရှားမှာရှိတဲ့ ပလက်ဝ Khumi Community ကနေ သဂြိုလ်ပေးဖို့စီစဉ်နေတယ် ဒါပေမယ့် ခုလောလောဆယ်တော့ သူတို့မိသားစုတွေရဲ့ဆန္ဒကိုစောင့်နေပါတယ်’’ ဟု ဦးအိုက်လွင်ကပြောသည်။ ​သေဆုံးသည့်​ ၃ ဦးမှာ ​မောင်​​မောင်​သန်း (၂၇)၊ ​မောင်​ဆုမွန်​ (၂၀) နှင့်​ ​မောင်​ခတ်​လိုက်​(၃၇) တို့ဖြစ်​သည်​။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.