Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြို့နယ် ၄ ခုမှ ဒိုင်ရ်တပ်ဖွဲ့များဖြင့် CDF – Daai ပြန်လည်ထူထောင်ရန် မတူပီနှင့်ကန်ပက်လက် ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်

မြို့နယ် ၄ ခုမှ ဒိုင်ရ်တပ်ဖွဲ့များဖြင့် CDF – Daai ပြန်လည်ထူထောင်ရန် မတူပီနှင့်ကန်ပက်လက် ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်

0
By Editor on July 16, 2024 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မြို့နယ် ၄ ခုက ဒိုင်ရ်ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် CDF – မတူပီနှင့် CDF – ကန်ပက်လက်မှ ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်လိုက်ကြောင်း သိရသည်။

ဒိုင်ရ်ချင်းမျိုးနွယ်စု စုစည်းမှုမှတစ်ဆင့် ဒိုင်ရ်ဒေသန္တရကောင်စီ – DRC ၏ ဦးဆောင်မှုအောက်ရှိ CDF – Daai အဖြစ် ပူးပေါင်းရပ်တည်မည်ဖြစ်၍ CDF- ကန်ပက်လက်မှ Kkei Sing (ဒိုင်ရ်) တပ်ရင်းနှင့် CDF- မတူပီ၊ တပ်မဟာ -၂၊ လီစန်းတပ်ရင်း (ဒိုင်ရ်) တို့က ဇူလိုင်လ ၁၅ ရက်တွင် တပြိုက်နက် နှုတ်ထွက်လိုက်ကြခြင်းဖြစ်သည်။

“တပြိုက်နက် နှုတ်ထွက်တဲ့ပုံစံလည်း ဟုတ်တော့ဟုတ်ပါတယ်။ ပြည်သူညီလာခံရဲ့ ဆုံးဖြတ်ချက်အရပေါ့။ ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ဦးဆောက်မှုအောက်မှာ တပ်တစ်ခုထဲ ပြန်တည်ဆောက်ဖို့ဖြစ်တယ်။ Daai – CDF ရဲ့ လက်အောက်ကို ဝင်သွားတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ DRC ရဲ့ ပြန်လည်စုစည်းမှုအောက်မှာ ကျနော်တို့ သွားတဲ့ပုံစံဖြစ်ပါတယ်” ဟု CDF- ကန်ပက်လက်၊ Kkei Sing တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသနှင့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Kkei Sing တပ်ရင်းသည် ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုအောက်ရှိ CDF- Daai အဖြစ် ပူးပေါင်းရပ်တည်မည်ဖြစ်၍ CDF – ကန်ပက်လက်၏ တပ်ရင်းအဖြစ်မှ တရားဝင်နှုတ်ထွက်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့မှာ Kkei Sing တပ်ရင်းက ထုတ်ပြန်ထားသည်။

“နှုတ်ထွက်တယ်ဆိုကတည်းက ဟိုမှာ Daai – CDF ခေါင်းစဉ်မှာ ပူးပေါင်းပြီးသားဖြစ်ပါတယ်။ ပူးပေါင်းမှုတွေမှာ နိုင်ငံရေးရော၊ စစ်ရေးရောက ယူနစ်တစ်ခုအနေနဲ့ အကုန်လုံးက ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ လိုက်နာဖို့ သွားဖို့ဖြစ်ပါတယ်။ ဒိုင်ရ်ပြည်သူလူထုရဲ့ညီလာခံ ဆုံးဖြတ်ချက်အရ အဲဒီအတိုင်း သွားကြဖို့ပါပဲ” ဟု Kkei Sing တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ CDF – မတူပီ၊ တပ်မဟာ – ၂၏ တပ်ရင်းတစ်ခုဖြစ်သော လီစန်းတပ်ရင်းကလည်း ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ဒိုင်ရ်မျိုးနွယ်စု စုစည်းမှုမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်၍ CDF – မတူပီမှသော်လည်းကောင်း၊ CDF- မတူပီ၊ တပ်မဟာ – ၂ မှသော်လည်ကောင်း နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး၊ ချင်းပြည်တည်ဆောက်ရေးတို့တွင် တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် လေးစားလျက် ညီအစ်ကို အိမ်နီးချင်းကောင်းများအဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နှုတ်ထွက်လိုက်သော တပ်ရင်းများက ထုတ်ပြန်ထားသည်။

ဒိုင်ရ်မျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်စသည့် မြို့နယ် ၄ ခုတွင် ပြန့်နှံ့နေထိုင်ကြပြီး နွေဦးတော်လှန်ရေးဖြစ်ပွားသည့်နောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့များတည်ထောင်သည့်အချိန်တွင် သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့လက်အောက်တွင် တပ်ရင်းတစ်ခုအနေဖြင့် ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အခြေစိုက် CDF – Daai တပ်ဖွဲ့သည်လည်း ဒိုင်ရ်ဒေသန္တရ ကောင်စီ – DRC လက်အောက်တွင် ပြန်လည်ဖွဲ့စည်းမည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ်တွင် ပါဝင်ထားပြီဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်အခြေစိုက်၊ CDF- မင်းတပ်မှ ဒိုင်ရ်တပ်ဖွဲ့များ ဇူလိုင်လ ၁၅ ရက်က မိခင်တပ်ရင်းမှ နှုတ်ထွက်ခြင်း ရှိ၊ မရှိကို ခိုနူမ်းသုန်းအနေဖြင့် ဆက်သွယ်မေးမြန်းနေပြီး အတည်ပြုနိုင်သေးခြင်း မရှိသေးပါ။

ဒိုင်ရ်မျိုးနွယ်စု၏ အုပ်ချုပ်ရေးအစုအဖွဲ့အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတို့ကို ပြန်လည်စုစည်းသည့်ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဇူလိုင်လ ၁၂ ရက်မှစတင်၍ နှုတ်ထွက်ပါကြောင်း CDF- Daai အဖွဲ့မှ ချင်းပြည်ကောင်စီ ဥက္ကဌထံသို့ နှုတ်ထွက်စာ ပေးပို့ထားသည်။

ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံး၏ နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း CDF- Daai က ထုတ်ပြန်ထားသည်။

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် ၄ ခုတွင် ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရသော ဒိုရ်နယ်မြေများနှင့် ဒိုင်ရ်မျိုးနွယ်စုများ ပေါင်းစည်းနိုင်ရေးတို့ကို ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.