• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

0
By Editor on October 13, 2021 Khonumthung

ယနေ့မနက်ပိုင်းမှစတင်ကာ ချင်းအမျိုသားတပ်ဦး (CNF/CNA)၊ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့မနက် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ယခုလိုဖြေကြားသည်။

“ဟားခါးမြို့အထွက် နှရီယာလောန်ထာရ်ကျေးရွာမှာ ဒီမနက် ၁၀ နာရီလောက်ကဖြစ်တယ်။ စစ်ကောင်စီဖက်က ၅ ဦး တိုက်ပွဲမှာကျတယ်။ ကျွန်တော်တို့ CNA, CDF ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိဘူး။ နောက် ၆ မိုင်အကွာမှာ သူတို့ (စစ်ကောင်စီ) ဖက်က လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတော့ရှိတယ်။ ထိပ်တိုက်တွေ့တယ်လို့တော့ ပြောလို့မရဘူး။ သူတို့ဖက်က ရမ်းသမ်းပစ်ခတ်နေတာပဲဖြစ်တယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် အဆက်အသွယ်တော့မရသေးဘူး။ ဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်”

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ နှရီယာလောန်ထာရ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ပဲန်အုပ်ထန်အပါအဝင် ဒေသခံ ၄ ဦး အဖမ်းခံရသည့်အပြင် SKAT ကားတစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီမှ အနောက်မြောက်ပိုင်းစစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းဖက်မှကော တောင်ပိုင်းဖက်မှပါ စစ်အင်အားများ ဆက်တိုက်တို့ချဲ့လာနေကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ချေရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.