Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ယောနယ်က ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

ယောနယ်က ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

0
By Editor on September 26, 2024 Headline

|| ရာချီသည့် ချင်းစစ်ဘေးရှောင်များ အရေးပေါ်အကူအညီ လိုအပ်နေ

(006SV)

ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယောနယ် ဆော – ကျောက်ထုလမ်းပိုင်းထဲက ချင်းပြည်သူများ၏ စစ်ရှောင်စခန်းတစ်ခုတွင် ရုတ်တရက် တောင်ကျချောင်းရေကြီးမှုဖြစ်ပြီး မင်းတပ်ဒေသခံ စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘလ ၂၅ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ချင်း – မကွေးနယ်စပ်ရှိ ဆော – ကျောက်ထုလမ်းပိုင်းထဲက စစ်ရှောင်စခန်းများ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၊ ကြားဒိုရွာမှ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန်နှင့် မိခင်ဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်နိုင်းချေးတို့ သေဆုံးသွားခဲ့ကြောင်း CDF – မင်းတပ်မှ တောခိုကြီးက ပြောသည်။

“စစ်ဘေးရှောင်စခန်း ၂ ခု ရေဘေးသင့်နေချိန် ကျနော်တို့အနေနဲ့ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကိုသာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး‌လုပ်နိုင်ခဲ့ပါတယ်။ ချင်းနဲ့ယောအစပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ချက်ချင်းကြီး ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ယောနဲ့ချင်းအစပ်က စစ်ဘေးရှောင်စခန်းက အားလုံးနီးပါးပျက်စီးသွားခဲ့သလို သားအမိနှစ်ဦး ရေထဲမျောပါသွားခဲ့ပါတယ် စစ်ရှောင်ပြည်သူတွေပြောပုံအရ မရမကဆွဲဖမ်းခဲ့ပေမဲ့ တောင်ကျချောင်းရေအရှိန်ကြောင့် ဆွံမရခဲ့ဘူးတဲ့” ဟု ကိုတောခိုကြီးက ပြောသည်။

တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးသွားသော သားအမိ ၂ ဦးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရရှိခဲ့သော်လည်း မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ပြန်မရသေးကြောင်း သိရသည်။

စစ်ရှောင်စခန်း ၂ ခုမှ စစ်ဘေးရှောင်ပြည်သူများသည် တောင်ကျချောင်းရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု၊ ဆုံးရှုံးမှုများ အများအပြား ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အိုခွက်ပန်းကန်အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး ချင်းနှင့် ယောနယ်အစပ်တွင် ချင်းစစ်ဘေးရှောင်ပြည်သူ ၅၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.