• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား ဆိုတဲ့သတင်းအမှား

ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား ဆိုတဲ့သတင်းအမှား

0
By Editor on August 30, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ထားတာ ကျပ် ၃၀၀ ခန့်လို့ ထုတ်ပြန်ထားပေမယ့် လည်း ပျက်စီးတဲ့ပစ္စည်းများဟာ အစုတ်များသာဖြစ်တယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းတွေမီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတာတော့ မှန်ကန်ပေမယ့် အချင်းချင်းအဝေမတည့်လို့ မီးရှိုခံရတာမဟုတ်ဘူးလို့ YPDF က ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်ရှင်းလင်းထားပါတယ်။

ဇူလိုင်လ (၃၁) ရက်နေ့ ညနေပိုင်းက လက်နက်ခဲယမ်းဂိုဒေါင်က ယမ်းများအပူလွန်ကဲရာမှတဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း မီးလောင်ကျွမ်းခဲ့တဲ့အတွက် ကျပ်သိန်း (၃၀၀) ဖိုးခန့်ဆုံးရှုံးခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း (၄၀) ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ Laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုးနှင့် ခါးချိုးကျည် အတောင့် (၂၀၀၀) ကျော် စုစုပေါင်း ကျပ်သိန်း (၃၀၀) ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားတဲ့အတွက် ပြည်သူများနဲ့ အလှုရှင်များကို YPDF မှ အနူးအညွတ်တောင်းပန်ထားပါတယ်။

အခုလိုဆုံးရှုံးမှုများ မဖြစ်အောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ထပ်မံလှုဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေရေးသားဖော်ပြထားတဲ့ ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွား တယ်ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ အသတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.