Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရခိုင်အခြေစိုက် အမျိုးသမီးသတင်းထောက်ကို ULA/ AA ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးထား

ရခိုင်အခြေစိုက် အမျိုးသမီးသတင်းထောက်ကို ULA/ AA ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးထား

0
By Editor on September 23, 2025 Khonumthung

(006SV)

ရခိုင်ပြည်နယ်အခြေစိုက် Border News Agency ၏ အမျိုးသမီး သတင်း ထောက်တစ်ဦးကို အာရက္ခတပ်တော် ULA/ AA ၊ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးထားသည်ဟု Border News Agency ကြေညာသည်။

စက်တင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီခန့်တွင် Border News Agency ၏ အမျိုးသမီး သတင်းထောက် မ မုဒြာကို မောင်တောမြို့ နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

BNA ၏ သတင်းထောက်ကို လာရောက်ခေါ်ဆောင်သွားသော အဖွဲ့အစည်းမှာ ULA/ AA ၏ ထောက်လှမ်းရေးဟု သိရှိရပြီး လာရောက် ခေါ်ဆောင်ပြီးနောက် ULA/ AA ၏ ထောက်လှမ်းရေးရုံးတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။

မောင်တောမြို့နယ်အပါအဝင် နယ်စပ်ဒေသ သတင်းများနှင့် ULA/ AA ၏ သတင်းများကို ဖော်ပြရာတွင် မကောင်း ဘက်က ရေးသားဖော်ပြသည်ဟု ပြောဆိုချက်များဖြင့် အမျိုးသမီးသတင်းထောက် မမုဒြာကို ဖမ်းဆီးခြင်းဖြစ်ကြောင်း BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်ဟု ရခိုင်သတင်းဌာန Western News က ရေးသားသည်။

အမျိုးသမီးသတင်းထောက် မမုဒြာ နှင့်ပတ်သက်ပြီး နားလည်မှု လွဲမှားနေသည်များ ရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင် နားလည်ပေး နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း BNA ထုတ်ပြန်သည်။

သတင်းထောက် မမုဒြာဖမ်းဆီးခံရမှုကြောင့် မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုအပေါ်တွင် ဖြစ်စေ၊ နိုင်ငံတကာ ဥပဒေများကို အလေထား၍ဖြစ်စေ ပြန်လည်ပို့ဆောင်ပေးကြပါရန် BNA အယ်ဒီတာအဖွဲ့က တောင်းဆိုသည်။

BNA သည် အာရက္ခဒေသရှိ ဘာသာပေါင်းစုံ နှင့် လူနည်းစုများ၏ အသံများကို ဖော်ထုတ်ပြီး ကွာဟချက်ကို ပေါင်းကူးပေးနိုင် သည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း ထုတ်ပြန်သည်။

BNA ၏ တန်ဖိုးများသည် ပဋိပက္ခပေါင်းစုံ ကြုံတွေ့နေရသော အာရက္ခဒေသ၏ ဗဟုဝါဒ စုံလင်ကွဲပြားမှုများကို မြှင့်တင်ရန် ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတ ဖြစ်မှုအပေါ် အခြေခံပါသည်ဟု ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.