Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရန်ကုန်မြို့တွင် တိုင်းရင်းသားလူမျိူးများစုပေါင်း၍ အထွေထွေသပိတ်ဆင်နွှဲ

ရန်ကုန်မြို့တွင် တိုင်းရင်းသားလူမျိူးများစုပေါင်း၍ အထွေထွေသပိတ်ဆင်နွှဲ

0
By Editor on February 11, 2021 Headline

#Unicode

By လားနွန် – တပ်မတော်စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့ မြေနီကုန်း ပဒုမ္မာပန်းခြံရှေ့တွင် တိုင်းရင်း သားလူမျိူးပေါင်းစုံစုပေါင်း၍ ယနေ့နံနက်ပိုင်းက အထွေထွေသပိတ်ဆင်နွှဲခဲ့ကြပြီး လူဦးရေ ၅၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ ကြကြောင်းသိရသည်။

“ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာ တိုင်းရင်းသားတွေလည်း သူ့နိုင်ငံရေးယူဆချက်နဲ့ သူ့နိုင်ငံရေး လိုလားချက်တွေကို ထင်ဟတ်စေအောင်ပါ၊ လမ်းပေါ်မှာတကယ်ထွက်ပြီးပြောတဲ့ချိန်မှာကျတော့ NLD ပိုများနေတာဖြစ်တယ် ဒါပေမဲ့ တဖက်မှာကျတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုလားချက်က သီးသန့်ရှိတယ် သူတို့နဲ့မတူဘူး အဲဒါကြောင့် မတူလို့သီးသန့်လိုင်းထွက်တာဖြစ်တယ် တိုင်းရင်းသားတွေလမ်းပေါ်ထွက်တ ယ်စုပေါင်းထွက်တယ် တဖွဲ့ခြင်းဆီထွက်တာအင်အားနည်းတယ် ကျနော်တို့စုစုပေါင်းပေါင်းနဲ့ ထွက်တာဖြစ်တယ်” ဆလိုင်းမွန်ဘွဲ့ကပြောသည်။

ယနေ့ဆန္ဒဖော်ထုတ်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အထွေထွေသပိတ်တွင် အချက် (၄) ချက်တောင်းဆိုခဲ့ကြပြီး (၁) အာဏာရှင်စနစ် ဖျက်သိမ်းရေး (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး (၃) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး (၄) မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေးစသည်တို့ဖြစ်သည်။

“ တိုင်းရင်းသားပေါင်းမှလှုပ်ရှားမှုဖြစ်တဲ့အတွက် ရန်ကုန်သူ ရန်ကုန်သားများ ပြည်သူပြည်သားတွေကလည်း ထူးခြားစွာမြင်ရတယ် ဒီအာဏာသိမ်းမှုမှာ ဒီ NLD တစ်ခုတည်းမဟုတ်ဘူး စစ်အာဏာရှင်ဆန့်ကျင်တဲ့ထဲမှာ တိုင်းရင်းသားတွေလည်းပါတယ်ဆိုတာ သူတို့ကွက်ကွက်ကွင်းကွင်းမြင်သွားတယ် ထောက်ခံမှုတွေအများကြီးရတယ် ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့တိုင်းရင်းသားတွေကြွေးကြော်သံတွေ နားထောင်ခြင်းအားဖြင့် ရန်ကုန်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေ အခြားသောလူမျိုးတွေက ဒီတိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို သိသွားတယ် အဲဒါကျနော်တို့အဓိကပေးချင် message ဖြစ်တယ် ဒီအာဏာရှင်တွေနဲ့ နိုင်ငံတကာတွေကိုလည်း သိသွားချင်တယ် ဒီတိုင်းရင်းသားတွေရဲဲ့လိုလားချက်ဆိုတာ ဒါဖြစ်တယ် မတူဘူး NLD နဲ့မတူဘူး ကျနော်တို့ဆန္ဒပြတာကလည်း သူတို့နဲ့မတူဘူး လိုလားချက်ရှိတယ် ပန်းတိုင်ရှိတယ် အားရတယ် ဒီနေ့လုပ်တာတော့” ဆလိုင်းမွန်ဘွဲ့ကဆက်ပြောသည်။

ယနေ့ပြုလုပ်သော တိုင်းရင်းသားလူမျိုးအထွေထွေသပိတ်တွင် ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကတူး (kadu) ၊ ဗမာ၊ မြို၊ အင်းသား၊ ပအိုင်း၊ ဒိုင်းနက် (Chakama)၊ လီဆူ၊ မရမာကြီး၊ သက်၊ ၀ ၊ နာဂစသည့် တိုင်းရင်းသား (၁၈) ဖွဲ့ပါဝင်ခဲ့ကြသည်။

#Zawgyi

By လားနွန် – တပ်မတော်စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့ မြေနီကုန်း ပဒုမ္မာပန်းခြံရှေ့တွင် တိုင်းရင်း သားလူမျိုးပေါင်းစုံစုပေါင်း၍ ယနေ့နံနက်ပိုင်းက အထွေထွေသပိတ်ဆင်နွှဲခဲ့ကြပြီး လူဦးရေ ၅၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ ကြကြောင်းသိရသည်။



“ တိုင်းရင်းသားပေါင်းမှလှုပ်ရှားမှုဖြစ်တဲ့အတွက် ရန်ကုန်သူ ရန်ကုန်သားများ ပြည်သူပြည်သားတွေကလည်း ထူးခြားစွာမြင်ရတယ် ဒီအာဏာသိမ်းမှုမှာ ဒီ NLD တစ်ခုတည်းမဟုတ်ဘူး စစ်အာဏာရှင်ဆန့်ကျင်တဲ့ထဲမှာ တိုင်းရင်းသားတွေလည်းပါတယ်ဆိုတာ သူတို့ကွက်ကွက်ကွင်းကွင်းမြင်သွားတယ် ထောက်ခံမှုတွေအများကြီးရတယ် ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့တိုင်းရင်းသားတွေကြွေးကြော်သံတွေ နားထောင်ခြင်းအားဖြင့် ရန်ကုန်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေ အခြားသောလူမျိုးတွေက ဒီတိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို သိသွားတယ် အဲဒါကျနော်တို့အဓိကပေးချင် message ဖြစ်တယ် ဒီအာဏာရှင်တွေနဲ့ နိုင်ငံတကာတွေကိုလည်း သိသွားချင်တယ် ဒီတိုင်းရင်းသားတွေရဲ့လိုလားချက်ဆိုတာ ဒါဖြစ်တယ် မတူဘူး NLD နဲ့မတူဘူး ကျနော်တို့ဆန္ဒပြတာကလည်း သူတို့နဲ့မတူဘူး လိုလားချက်ရှိတယ် ပန်းတိုင်ရှိတယ် အားရတယ် ဒီနေ့လုပ်တာတော့” ဆလိုင်းမွန်ဘွဲ့ကဆက်ပြောသည်။


Photo Crd: Chin Youth Network

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.