Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

0
By Editor on May 23, 2025 Headline

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ မူကြိုကျောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝ (လုံးဝ) ပတ်သက်မှုမရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယနေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

HPO/CDF-Hualngoram တပ်ဖွဲ့မှ မေလ ၂၂ ရက်နေ့က ရိခေါဒါရ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူ၏ ခင်ပွန်းဖြစ်သူ TPCE Nursery ကျောင်းပိုင်ရှင် ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင်ဟု အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့ပြီးနောက် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင် လုံးဝ မဟုတ်ကြောင်းနှင့် ရိခေါဒါရ်မြို့ရှိ CNO ပညာရေးဌာန၏ အသိအမှတ်ပြု‌ အသင်းတော်တစ်ပါးမှ ဖွင့်လှစ်သော မူလတန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ မှ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားခဲ့ခြင်းမရှိကြောင်း CNO ပညာရေးဌာနက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခဲ့သည့် TPCE Nursery ကျောင်းသည်လည်း ဆရာငွန်ဆွီးထန်း တစ်ဦးတစ်ယောက်တည်း ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနအနေဖြင့် သိရှိခြင်းမရှိသည့်အပြင် အသိအမှတ်ပြုထားခြင်းလည်းမရှိကြောင်း ဖော်ပြထားသည်။

ထို့‌ကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်တစ်ခုလုံးနှင့် ပညာရေးဌာန၏ ဂုဏ်သိက္ခာပျက်ပြားစေရန် ရည်ရွယ်ချက် သက်သက်ဖြင့် မဟုတ်မမှန် လုပ်ကြံ စွက်စွဲရေးသား ဖြန့်ဝေခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အွန်လိုင်းမီဒီယာပေါ်က ဗီဒီယိုဖိုင်တွင် မြင်တွေ့နေရသော လက်နက်ကိုင်များက မူကြိုအရွယ် ကလေးသူငယ်များရှေ့မှောက်တွင် မူးယစ်ဆေးဝါးများကို ဖွင့်ဖောက် စစ်ဆေးနေခြင်းနှင့် ကျောင်းနှင့် ကျောင်းပါတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး သိုလှောင်သိမ်းဆည်းထားရှိခြင်းသည် လွန်စွာ အကျည်းတန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကဲ့သို့ အကျည်းတန်လုပ်ရပ်များနှင့် အဖွဲ့အစည်းကို မဟုတ်မမှန်စွပ်စွဲခြင်းသည် တော်လှန်ရေးအဖွဲ့အစည်းများအကြား မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အပြင် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ဖော်ဆောင်ရာတွင် ကြီးမားသော အဟန့်အတားများဖြစ်စေသောကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့တွင် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှာ ဆရာငွန်ဆွီးထန်းက ဖွင့်လှစ်ထားသော TPCE မူကြိုကျောင်းကို HPO/CDF-Hualngoram တပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ ဆပ်ပြာဖူးထဲ ထည့်ထားသော ဘိန်းဖြူ ၄၂၇ ဟောင်ကို ဖမ်းဆီးရမိခဲ့သည်။

HPO/CDF-Hualngoram တပ်ဖွဲ့က အဆိုပါ မူကြိုကျောင်းကို ဝင်ရောက်ရှာဖွေချိန်တွင် ဆရာငွန်ဆွီးထန်း မရှိသောကြောင့် ဇနီးဖြစ်သူ Pi Ṭuan Kim Thiam ကို ဖမ်းဆီးခဲ့ကြပြီး ဆရာငွန်ဆွီးထန်းအား ဆက်လက်ဖမ်း ဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.