Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါပြီဟုဆို

ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါပြီဟုဆို

0
By Editor on July 11, 2025 Headline

(005MK)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ယနေ့နံနက်ပိုင်းတွင် ပြန်လည် ဆုတ်ခွါသွားပြီး ချင်းအမျိုးသားတပ်မတော် CNA နှင့် နယ်မြေခံတပ်ဖွဲ့ဖြစ်သော CDF-Hualngoram တပ်ဖွဲ့တို့ ပြန်လည်ဝင်ရောက်ပြီဟု သိရသည်။

“သူတို့ (CNO/CNDF) ဒီမနက် ၅ နာရီလောက်မှာ ပြန်ဆုတ်သွားကြပါပြီ” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီးနောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF တပ်ဖွဲ့ က ထိန်းချုပ်နိုင်ခဲ့သည်။

ရိခေါဒါရ်မြို့သည် HPO/CDF-Hualngoram တပ်ဖွဲ့က ဒေသန္တရအစိုးရအုပ်ချုပ်ရေးလုပ်ငန်းလည်ပတ်နေသည့်မြို့ဖြစ်သကဲ့သို့ ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ အခြေစိုက်ရာဒေသလည်းဖြစ်ပါသည်။

CNO/CNDF က ယင်းဒေသကို သိမ်းပိုက်ခဲ့သည့်အတွက် CNA,CDF-Hualngoram နဲ့ CNO/CNDF တပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေလည်း ပိုမိုတင်းမာလာခဲ့ပြီး ဖလမ်းမြို့နယ်အတွင်းရှိ အခြားဒေသများတွင် အပြန် အလှန်ပစ်ခတ်မှုအထိ ဖြစ်ပွားလာခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအပါအဝင်၊ NUCC၊ ချင်းဘာသာရေးအဖွဲ့အစည်းများ၊ မီဇိုရမ်ပြည် နယ်ဘက်က အရပ်ဖက် အဖွဲ့အစည်းများကလည်း နှစ်ဖက်တပ်ဖွဲ့ကြား သဘောထားကွဲလွဲမှုများကို စစ်ရေးဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာကြရန်အသီးသီးတောင်းဆိုခဲ့ကြသည်။

လက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော Advocacy Group for Peace အဖွဲ့၏ ကြားဝင်စေ့စပ်မှုဖြင့် CNF/CNA, HPO/CDF-Hualngoram နဲ့ CNO/CNDF တို့အကြား ညှိနှိုင်းဆွေးနွေးမှုများဆက် လက်ဆောင်ရွက်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.