• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် တောင်ကုန်းမှာ စစ်ကောင်စီတပ် စခန်းချနေရာယူ

ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် တောင်ကုန်းမှာ စစ်ကောင်စီတပ် စခန်းချနေရာယူ

0
By Editor on March 1, 2022 Headline

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ အင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး စခန်းချနေရာယူထား တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

“အမှတ် ၂ ရက်ကွက်အပေါ်တောင်ကုန်းမှာ ချတာပေါ့ Duty လုပ်တာပေါ့ လူအင်အားက ၄၀ လောက်ရှိတယ်၊ တီးတိန်-ဟိုင်မွလ်-ကလေးလမ်းကို CDF/PDF က အနှောက်ယှက်ပေးတယ်လို့သတင်းကြားလို့တဲ့ ပိုက်ဆံတွေကောက်တယ် အဲလို လုပ်တယ်ဆိုပြီးမှ အပေါ်ကအမိန့်လာတယ်တဲ့ လိုင်းပေါ်မှာတက်တက်နေတော့ အထက်ကနေ နေခိုင်းတယ်လို့ပြောတာပဲ’’ လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ရိခေါဒါရ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေထပ်မံချပေးဖို့ အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံတင်ပြခဲ့တယ်လို့သတင်းထွက်ပေါ်ပြီး သိပ်မကြာခင်မှာပဲ ခုလို စစ်ကောင်စီတပ်ဖွဲ့ စခန်းချနေရာယူလာတာဖြစ်ပါတယ်။

ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာကျတဲ့မြို့ဖြစ်ပြီး ရိ ကုန်သွယ်ရေးစခန်းနဲ့ နှစ်မိုင်လောက်အကွာမှာ CDF တပ်ဖွဲ့တွေက ကုန်ပစ္စည်းတွေစစ်ဆေးတာ၊ အခွန်ကောက်ခံမှုတွေလုပ်ဆောင်နေ တာကြောင့် စစ်ကောင်စီပုံရိပ်ကျဆင်းစေပြီး လုံခြုံရေးတပ်ဖွဲ့တွေပြန်ထားသင့်တယ်ဆိုပြီး ဦးငွန်ဆန်းအောင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီဥက္ကဌနဲ့ တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်တွေ အစည်း အဝေးမှာ တင်ပြခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ယခင်ကတော့ ရိခေါဒါရ်မြို့အမှတ် (၁) ရပ်ကွက်တောင်ကုန်းပေါ်မှာသာ စခန်းချနေထိုင်ကြပေမယ့် ခုအခါမှာတော့ အမှတ် (၂) ရက်ကွက်တောင်ကုန်းပေါ် ကလေး-တီးတိန်-ရိ ကုန်သွယ်ရေးလမ်းကို အပေါ်စီးကနေ အကုန်မြင်နိုင်တဲ့ ဗျူဟာကျတဲ့နေရာမှာ ခြေကုတ်ယူလာတာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေ တောင်ကုန်းပေါ်မှာ နေရာယူလာတာကြောင့် ကလေးမြို့ဘက်ကနေ တက်လာတဲ့ ကားတွေကို တီးတိန်မြို့နယ် လိုင်သွီးရွာမှာ ရပ်နားထားကြပြီး အခြေအနေစောင့်ကြည့်နေကြတယ်လို့သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.