• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရွာထဲကို ရိက္ခာသွားသယ်သည့် စစ်ဘေးရှောင် ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

ရွာထဲကို ရိက္ခာသွားသယ်သည့် စစ်ဘေးရှောင် ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

0
By Editor on April 14, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောကျေးရွာမှ စစ်ဘေးရှောင်ချင်းလူငယ် ၃ ဦးသည် ရွာထဲသို့ ရိက္ခာသွားယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့က တောထဲကနေ ရွာထဲကို ရိက္ခာပြန်ယူတာ စကစတွေလာတာ တယောက်နဲ့တယောက် အချိတ်အ ဆက်မမိကြတာထင်တယ်သူတို့ကိုဖမ်းတာ၊ ရွာထိပ်မှာပဲ သူတို့ ၃ ယောက်စလုံးအသတ်ခံရတာ၊ နှစ်ယောက်က ညီကိုအရင်းတွေ” ဟု မှန်တောဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသည့် ချင်းလူငယ် ၃ ဦးမှာ Salai Ni Dun Sang (၁၉ နှစ်) Pu Thang Bik (၂၉ နှစ်)နှင့် Pa Lian Thio (၃၁ နှစ်) တို့ ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးသည် ရွာထဲသို့ ရိက္ခာပြန်သွားယူသည့်အချိန် ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့် တိုးမိကာ အဖမ်းခံရခြင်းဖြစ်ပြီး ဧပြီလ ၉ ရက်နေ့တွင် ရွာထိပ်သို့ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

မှန်တောကျေးရွာသည် ကလေးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအားလုံးသည် ရွာကိုစွန့်ခွါ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၂ လခန့်ရှိပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.