MG
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ချန်းပြန်း (ခ) ကျေးရွာအတွင်း အင်အား (၁၀၀) ခန့်ဖြင့် ကျန်ရွိနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် မတူပီမြို့တွင်းသို့ ပြန်လည်တပ်ဆုတ်သွားသော်လည်း ရွာလုံးကျွတ်နီးပါး မီးရိူ့ခံ ရသောကြာင့် ပြည်သူများကို ဆက်လက်စစ်ဘေးတိမ်းရွောင်ခိုင်းထားသည်ဟု ချင်းလဲန် ကာကွယ်ရေးတပ်ဖွဲ့-မတူပီက တာဝန်ရှိသူက ပြောသည်။
ဆလိုင်းနိုင်ဂျွန်ကိမ်းက “ရန်သူတွေအကုန်လုံးကတော့ မြို့ထဲကိုဆုတ်သွားကြပြီ၊ ဒါပေမယ့် ပြည်သူတွေကိုတော့ စစ်ရှောင်ခိုင်းသေးတယ်၊အခြေအနေကတော့ သိပ်မူမွန်သေးလို့ပါ နေအိမ်တွေလည်း ၉ အိမ်လောက်ပဲ ကျန်တော့တာဆိုတော့ အများအားဖြင့်က အကုန်လုံး မီးရိူ့ခံရတာ” ဟု ပြောသည်။
ဖေဖော်ဝါရီလ (၁) ရက်နေ့က မတူပီ-မင်းတပ် လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ (၆) ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အင်းအားတဝက် တပ်ဆုတ်ခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များ မီးရိူ့မူကြောင့် ပြည်သူများသည် နေအိမ်ပျက်စီးမူကြုံရကာ လက်ရှိတွင် (၄) မိုင်ခန့်ကွာဝေးသည့် ဟားလ်တူးကျေးရွာနင့် တောထဲ၊ တောင်ထဲတို့တွင် စစ်ဘေးရွောင်နေဆဲ့ဖြစ်သည်ဟု မတူပီမြို့က ချန်းပြန်းဒေသခံနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက ပြောသည်။
ပြည်သူတဦးက “ပြည်သူတွေကတော့ အကုန်လုံး ထွက်ပြေးကြတယ်။ တောအုပ်ထဲရှောင်တယ် မလွယ်ပေမယ့် အခြေအနေအရ တိမ်းရှောင်ရ တာပါပဲ။ ချန်းပြန်းရွာကတော့ ဘာမှမလွယ်တော့ဘူး အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပြီ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များ ရွာလုံးကျွတ်နီးပါး မီးရိူ့ခဲ့သည့် ချန်းပြန်း (ခ) ရွာတွင် အိမ်ခြေ (၆၃) အိမ်ရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၀၀) နီးပါးရှိကာ မတူပီမြို့နှင့် (၇) မိုင်ခန့်ကွာဝေးသည်။