• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရှောင်တာနဲလ်ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား

ရှောင်တာနဲလ်ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှား

0
By Editor on February 24, 2022 Khonumthung

ဒီသတင်းအမှားကို February 15 ရက်နေ့က သတင်းမှန်ပြန်ကြားရေးဌာနချုပ်ဆိုတဲ့ အကောင့်ကနေ “ဩစတြေးလျမကလို့ အမေရိကန်နိုင်ငံသားပဲဖြစ်ဖြစ် မြန်မာနိုင်ငံပြဌာန်းထားတဲ့ တည်ဆဲဥပဒေကိုလေးစားလိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူအပြစ်ပေးခြင်းခံရမယ် ရှောင်တာနဲလ်ကိုပြန်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဇော်မဲထွန်းပြောထားသော်လည်း ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပါပြီနော်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မောင်ပေါ်ဦးအကောင့်မှလည်း “ရှောင်တာနဲလ် ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရ… Rule of Law = တရားဥပဒေ စိုးမိုးမှုဆိုတာ နကစကို မေးခွန်းထုတ်စရာဖြစ်နေပြီ… မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ဒါကိုပြောတာလား…” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ် ပြန်လွတ်သွားပြီဆိုပြီး မတော်တဆ ထုတ်ဖော်မိခဲ့ကြောင်း ပြန်လည်တောင်ပန်ကြောင်း ဖေဖော်ဝါရီလ ၇ ရက် ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

“တကယ်တမ်းမှာတော့ ဩစတြေးလျနိုင်ငံသား (ရှောင်တာနဲလ်) မလွတ်သေးပါဘူး” “ကျွန်တော် သတင်းအမှား ရခဲ့တာကနေတဆင့် ဒီရှုပ်ထွေးမှု ဖြစ်ခဲ့တာပါ၊ မတော်တဆ ဖြစ်တဲ့ ဒီအမှားအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ” လို့ ဟွန်ဆန်က သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ရှောင်တာနဲလ်ကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှောင်တာနဲလ်ကို စစ်ကောင်စီဘက်မှ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

စာဖတ်သူများအနေနဲ့ သတင်းအတု သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.