• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»လက်နက်အင်အားမမျှမှုနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့်အခြေနေကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

လက်နက်အင်အားမမျှမှုနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့်အခြေနေကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

0
By Editor on March 17, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာ သည့်အတွက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ယနေ့ချိန်ထိ CDF-Kanpetlet တပ်ဖွဲ့နှင့် တိုက်ပွဲတောက် လျှောက်ဖြစ်ပွားနေပြီး လက်နက်အင်အားမမျှမှုကြောင့် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-Kanpetlet က ယနေ့ထုတ်ပြန်လိုက်သည်။

“မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် တပ်မ ဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်’’ ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၁ ရက်နေ့က CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာရာ CDF-Kanpetlet တပ်ဖွဲ့နှင့် ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

ထို့နောက် မတ်လ ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpetlet ၊ CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF တို့မှ တောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်မှ ၂ ဦး သေဆုံးခဲ့ပြီး မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှအထိအခိုက်အကျအဆုံးမသိရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။

CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် မတ်လ ၁၅ ရက်နေ့ နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့တိုက်ပွဲတွင် မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ ဖက်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ထပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ မတ်လ ၁၅ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး ဒေသခံပြည်သူအချို့လည်းပျောက်ဆုံးမှုရှိနေသည်ဟု သိရသည်။

ယခုလက်ရှိတွင် ကန်ပက်လက်မြို့နယ်ထဲမှ လူဦးရေ ၁၂၀၀ ဝန်းကျင်ခန့်ရှိသော စမ္မသား၊ စံအိမ်နူး ခီတော် မကြား ကျေးရွာမှဒေသခံရွာသားများသည် တောတောင်ထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်းသိရသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် တောက်လျှောက်ထိုးစစ်ဆင်လာနေသည့် အတွက် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် CDF-Kanpetlet က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ CNF နှင့် CDF – Mara တို့ ပူးတွဲဖော်ဆောင်မည်

စစ်ကောင်စီတပ်စွဲရာနေရာအနီး နေထိုင်သူများ ရှောင်တိမ်းကြရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.