(006SV)
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို အမှန်တကယ် ကျူးလွန်ခဲ့သည့်အတွက် လက်ရှိရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာ ပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီက ဆလိုင်းအိုင်ဇက်ခင်၏အမှုကို စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြက်သက်သေများဖြင့် စုံစမ်းစစ်ဆးမှု ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။
တိုင်းကြားခံရသူ ဆလိုင်းအိုက်ဇက်ခင်သည် တိုင်ကြားသူက မလိုလား၊ မနှက်သက်၊ စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရသော အပြုအမှုများကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသည့်အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု ယင်းဗဟိုကော်မတီက ဆိုသည်။
ကျူးလွန်သူ၏ လုပ်ရပ်များသည် နိုင်ငံရပ်ခြားတစ်နေရာတွင် မြန်မာ့တော်လှန်ရေးအစိုးရရုံး၏ တာဝန်ခံရမည့် တာဝန်အရှိဆုံးသူက ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု၊ တာဝန်ခံခြင်း ကင်းမဲ့မှုဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်သည်။
အထူးသဖြင့် အကာအကွယ်ပေးရန် တာဝန်အရှိဆုံးသူက ကျူးလွန်ခြင်း ဖြစ်သောကြောင့် လုံးဝလက်သင့်မခံရမည့်၊ ထိရောက်စွာ တုံ့ပြန်ရမည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ရုံး၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့ခြင်းကြောင်း ဩဂုတ်လ ၁ ရက်မှစတင်၍ ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်သည်။
နစ်နာသူနှင့် လုပ်ဖော်ကိုင်ဖက် မျက်မြင်သက်သေများကို သင့်လျော်သည့် အထောက်အပံ့အစီအမံကို နိုင်ငံခြားရေးဝန်ကြီးဌာန က လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။