Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်၍ တော်လှန်ရေးကို ထောက်ခံသည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်၍ တော်လှန်ရေးကို ထောက်ခံသည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

0
By Editor on October 9, 2023 Headline

(006SV)

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုကြောင့် ချင်းအပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရသည်ဟု Data For Myanmar က ယနေ့ သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ယက်ပေါ်တွင် ထောက်ခံရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသော ပြည်သူများသည် လစဉ်ပျှမ်းမျှ ၆၅ ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် ၄ လအတွင်းမှာပင် ပြည်သူ ၅၀၀ ကို ဖမ်းဆီးခဲ့သည်ဟု Data For Myanmar ၏ အစီရင်ခံစာက ဆိုသည်။

၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ စစ်ကောင်စီက ပြည်သူ ၁၃၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ထက်ဝက်နီး ပါးက ရန်ကုန်နှင့် မန္တလေးတို့က ဖြစ်၍ လူပေါင်း ၆၀၀ ကျော်ရှိသည်ဟု ယင်းက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသော ပြည်သူများမှာ ရန်ကုန်က ၃၂၃ ဦး၊ မန္တလေးက ၂၈၄ ဦး၊ ပဲခူး (အရှေ့) က  ၁၀၄ ဦး၊ မကွေးက ၉၃ ဦး၊ ဧရာဝတီက ၇၈ ဦး၊ ပဲခူး (အနောက်) က ၆၉ ဦး၊ မွန်က ၆၂ ဦး၊ တနင်္သာရီက ၅၉ ဦး၊ စစ်ကိုင်းက ၅၃ဦး၊ နေပြည်တော်က ၄၂ ဦး၊ ရှမ်း(တောင်)က ၄၀ ဦး၊ ရှမ်း (မြောက်) က ၂၈ ဦး၊ ကချင်က ၂၈ ဦး၊ ကရင်က ၂၅ ဦး၊ ရခိုင်က ၁၃ ဦး၊ ရှမ်း (အရှေ့) က ၁၀ ဦးနှင့် ချင်းက ၅ ဦးတို့ဖြစ်သည်ဟု Data for Myanmar က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများသည် ဖေ့ဘွတ်အသုံးပြုသူက အများစုဖြစ်ပြီး Tik Tok နှင့် Telegram အသုံးပြုသူ တချို့လည်း ပါဝင်သည်၊

အဖမ်းခံရသူများကို ထောင်ချခြင်း ရှိ၊ မရှိ၊ ပြန်လည်လွတ်ပေးခြင်း ရှိ၊ မရှိ စသည့် နောက်ဆက်တွဲ အသေးစိတ်အချက်အလက် များကို အစီရင်ခံစာပြုစုသူများက မသိရှိပါဟု ဖော်ပြထားသည်။ 

စစ်ကောင်စီသည် ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်က လူမှုကွန်ယက်က လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅၀-က၊ အီလစ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးအရေးယူမှုများကိုလည်း စစ်ကောင်စီ၏ နေ့စဉ်သတင်းစားနှင့် လော်ဘီချိန်နယ်များမှတဆင့် နေ့စဉ် သတင်းထုတ်ပြန်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.