• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»လံုျခံဳေရးအေျခအေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္အတြင္း အုပ္စုေပါင္း (၉၀) ေက်ာ္တြင္ ေရြးေကာက္ပြဲက်င္းပမည္မဟုတ္

လံုျခံဳေရးအေျခအေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္အတြင္း အုပ္စုေပါင္း (၉၀) ေက်ာ္တြင္ ေရြးေကာက္ပြဲက်င္းပမည္မဟုတ္

0
By Editor on October 28, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၄) အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်လိုက်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော့သုံးသပ်ချက်အရ ကတော့ နယ်မြေဒေသ အခြေအနေလုံခြုံမှုမရှိတဲ့အခါမှာ မဲရုံတွေကိုအများကြီးဖွင့်လိုက်လို့ရှိရှင် ပြည်သူလူထုပဲထိခိုက်မ ယ်လေ ပါတီတွေမထိခိုက်ဘူး ကိုယ်စားလှယ်တွေမထိခိုက်ဘူး ပြည်သူတွေကြားညှပ်ပြီးတော့ ဒုက္ခရောက်သွားနိုင်တယ်၊ ကျင်းပလို့မယ်နေရာက ပလက်ဝမြို့ပေါ်၊ ဆမီးမြ်ို့ပေါ်နောက် ရှင်းလက်ဝအုပ်စုပေါ့၊ ဒါတော့ ကျနော်တို့ကျင်းပဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေစီမံဆောင်ရွက်နေပြီ၊’’ ဟု ပြော သည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်သည့် ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု ပေါင်း ၉၄ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်ဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းကျော်က မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ပြီး လူဦးရေ တစ်သောင်းနီးပါးကသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်းရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့်နေရာများသည် မဲဆန္ဒနယ်မြေ (၂) နေရာစလုံးပါသည့်အတွက် ပလက်ဝမြို့နယ်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်း ဆုံးရှုံးမည်မဟုတ်ကြောင်း ဦးလင်းကျော်ကဆက်ပြောသည်။

“ မဲဆန္ဒနယ် (၂) နယ်လုံးပါတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအတွက်ကတော့ ကိုယ်စားလှယ်လောင်း ၅ ယောက်လုံးရသွားမယ် လွှတ်တော် ၃ ရပ်လုံးအတွက်ပေါ့ ပြီးရင်အခက်အခဲထိခိုက်ဒဏ်ရာမရှိပဲနဲ့ ရွေးကောက်ပွဲကို ပြီးသွားနိုင်တယ်’’ ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကပြောသည်။

ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စုအများစုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့်အပေါ်များစွာအံ့သြတုန်လှုပ်မိကြောင်း မဲဆန္ဒရှင်ပြည်သူများ အတွက် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) မှညှိနှိုင်းရေးမှူး ဆလိုင်းပိုင်နန်းကပြောသည်။

“အစကတော့ ရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုပြီး ဝမ်းသာကြတာပေါ့ ဒါပေမယ့် ခုလိုတအားနီးကပ်တဲ့အချိန်မျိူးမှာ အပြောင်း အလဲတွေရှိလာတော့ စိတ်မကောင်းဖြစ်ရတယ် ပြည်သူလူထုတစ်ယောက်ရဲ့အခွင့်အရေးချိူးဖောက်ခံရ တယ်လို့တောင်မှေ ပြာရမလားမသိဘူး တခြားလူတွေနဲ့တန်းတူမဟုတ်တော့မယ့်အခြေအနေတရပ်ရောက်သွားတာပေါ့’’ ဟု ဆလိုင်းပိုင်နန်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သော ကျေးရွာအုပ်စု (၉၄) အနက် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လုံခြုံသည့် ကျေးရွာအုပ်စုအနည်းဆုံး (၁၂) အုပ်စုပါဝင်ပြီး ယင်းကျေးရွာအုပ်စု (၁၂) အုပ်စုတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြန်ပြုရန် KACC ကတောင်းဆိုထားသည်။

“ ကျနော်တို့ပြန်ပြီးမှတောင်းဆိုတာက ၁၂ အုပ်စုပေါ့၊ အဲဒီ (၁၂) အုပ်စုက မြို့နဲ့လည်းနီးတယ် သွားရေးလာရေးအဆင်ပြေ တယ်၊ လုံခြုံရေးအရလည်းကောင်းတယ်၊ ဥပမာပြောရရင် ဆမီးမြို့အနားမှာရှိတဲ့ ကံဘောင်အုပ်စုဆိုလို့ရှိရင်တော့ ဆမီးကနေ ၅ မိုင်လောက်ပဲဝေးတယ်၊ အဲဒီနားမှာ စစ်ပွဲလည်းတခါမှမဖြစ်ဖူးဘူး၊ လုံခြုံမှုရှိတယ်ပေါ့ အဲလိုမျိူးနေရာတွေကို တော့လုပ်ပေးနိုင်မယ်ဆိုရင်အရမ်းကောင်းမယ်’’ ဟု ဆလိုင်းပိန်နန်းကပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ရက် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ တစ်မြို့နယ်လုံးရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြား တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မပါဝင်သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည်အခြေအနေနှင့်ပတ်သက်၍ တစ်မြို့နယ်လုံး၏ ၇၀ ရာခိုင်နှုန်းကျော်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့်အနေအထားတွင်ရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျေးရွာအုပ်စု (၉၄) နေရာတွင် ကျင်းပမည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စုေပါင္း (၉၄) အုပ္စုတြင္ လြတ္လပ္ၿပီးတရားမွ်တေသာ ေရြးေကာက္ပြဲက်င္းပရန္အေျခအေနမရွိသျဖင့္ ေရြးေကာက္ပြဲမ်ားက်င္းပျခင္းျပဳလုပ္မည္မဟုတ္ေၾကာင္း ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ ၂၇ ရက္ေန႔ကထုတ္ျပန္လိုက္သည္။ 

ယင္းကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးလင္းေက်ာ္က “က်ေနာ့သံုးသပ္ခ်က္အရ ကေတာ့ နယ္ေျမေဒသ အေျခအေနလံုျခံဳမႈမရွိတဲ့အခါမွာ မဲရံုေတြကိုအမ်ားႀကီးဖြင့္လိုက္လို႔ရွိရွင္ ျပည္သူလူထုပဲထိခိုက္မ ယ္ေလ ပါတီေတြမထိခိုက္ဘူး ကိုယ္စားလွယ္ေတြမထိခိုက္ဘူး ျပည္သူေတြၾကားညွပ္ၿပီးေတာ့ ဒုကၡေရာက္သြားႏိုင္တယ္၊ က်င္းပလို႔မယ္ေနရာက ပလက္၀ၿမိဳ႕ေပၚ၊ ဆမီးၿမ္ိဳ႕ေပၚေနာက္ ရွင္းလက္၀အုပ္စုေပါ့၊ ဒါေတာ့ က်ေနာ္တို႔က်င္းပဖို႔အတြက္ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ေတြစီမံေဆာင္ရြက္ေနၿပီ၊’’ ဟု ေျပာ သည္။ 

ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စုေပါင္း ၁၀၂ အုပ္စုရွိသည့္အနက္ မဲဆႏၵနယ္အမွတ္ (၁) တြင္ ၄၅အုပ္စု၊ အမွတ္(၂) တြင္ (၅၇) အုပ္စုရွိၿပီး ပလက္၀ၿမိဳ႕ေပၚရွိ ရပ္ကြက္ (၄) ခု၊ ဆမီးၿမိဳ႕ေပၚရွိ ရက္ကြက္ (၃) ခုႏွင့္ ရွင္းလက္၀ေက်း ရြာအုပ္စုစသည့္ (၈) ေနရာတြင္သာ ေရြးေကာက္ပြဲက်င္းပၾကမည္ျဖစ္သည္။ 

ခ်င္းျပည္နယ္တြင္ လူဦးေရႏွင့္ ဆႏၵမဲေပးပုိင္ခြင့္ရွိသူအမ်ားဆံုးျဖစ္သည့္ ပလက္၀ၿမိဳ႕နယ္တြင္ ယခုကဲ့သို႔ ေက်းရြာအုပ္စု ေပါင္း ၉၄ အုပ္စုတြင္ ေရြးေကာက္ပြဲက်င္းပမည္ဟုတ္သည့္အတြက္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၅ ေသာင္းေက်ာ္က မဲေပးခြင့္ဆံုးရံႈးသြားမည္ျဖစ္ၿပီး လူဦးေရ တစ္ေသာင္းနီးပါးကသာ မဲေပးခြင့္ရရွိႏိုင္မည္ျဖစ္သည္။ 

သို႔ေသာ္လည္းေရြးေကာက္ပြဲ က်င္းပခြင့္ရရွိသည့္ေနရာမ်ားသည္ မဲဆႏၵနယ္ေျမ (၂) ေနရာစလံုးပါသည့္အတြက္ ပလက္၀ၿမိဳ႕နယ္ျပည္သူမ်ားအေနျဖင့္ ကိုယ္စားလွယ္ေလာင္း ဆံုး႐ႈံးမည္မဟုတ္ေၾကာင္း ဦးလင္းေက်ာ္ကဆက္ေျပာသည္။ 

“ မဲဆႏၵနယ္ (၂) နယ္လံုးပါတဲ့ ရပ္ကြက္နဲ႔ေက်းရြာအုပ္စုေတြျဖစ္တဲ့အတြက္ေၾကာင့္ မဲဆႏၵရွင္ျပည္သူေတြအတြက္ကေတာ့ ကိုယ္စားလွယ္ေလာင္း ၅ ေယာက္လံုးရသြားမယ္ လႊတ္ေတာ္ ၃ ရပ္လံုးအတြက္ေပါ့ ၿပီးရင္အခက္အခဲထိခိုက္ဒဏ္ရာမရွိပဲနဲ႔ ေရြးေကာက္ပြဲကို ၿပီးသြားႏုိင္တယ္’’ ဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴးကေျပာသည္။

ပလက္၀ၿမိဳ႕နယ္၏ ေက်းရြာအုပ္စုအမ်ားစုတြင္ ေရြးေကာက္ပြဲက်င္းပမည္မဟုတ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္လိုက္သည့္အေပၚမ်ားစြာအံ့ၾသတုန္လႈပ္မိေၾကာင္း မဲဆႏၵရွင္ျပည္သူမ်ား အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရသည္ဟု ခူမီးခ်င္းမ်ဴိးႏြယ္စုမ်ားေရးရာေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီ(KACC) မွညိွႏိႈင္းေရးမွဴး ဆလိုင္းပိုင္နန္းကေျပာသည္။ 

“အစကေတာ့ ေရြးေကာက္ပြဲလုပ္ႏိုင္မယ္ဆိုၿပီး ၀မ္းသာၾကတာေပါ့ ဒါေပမယ့္ ခုလိုတအားနီးကပ္တဲ့အခ်ိန္မ်ဴိးမွာ အေျပာင္း အလဲေတြရွိလာေတာ့ စိတ္မေကာင္းျဖစ္ရတယ္ ျပည္သူလူထုတစ္ေယာက္ရဲ့အခြင့္အေရးခ်ဴိးေဖာက္ခံရ တယ္လို႔ေတာင္မွေ ျပာရမလားမသိဘူး တျခားလူေတြနဲ႔တန္းတူမဟုတ္ေတာ့မယ့္အေျခအေနတရပ္ေရာက္သြားတာေပါ့’’ ဟု ဆလိုင္းပိုင္နန္းကေျပာသည္။ 

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွထုတ္ျပန္ေသာ ေက်းရြာအုပ္စု (၉၄) အနက္ တိုက္ပြဲျဖစ္ပြားမႈမရွိဘဲ လံုျခံဳသည့္ ေက်းရြာအုပ္စုအနည္းဆံုး (၁၂) အုပ္စုပါ၀င္ၿပီး ယင္းေက်းရြာအုပ္စု (၁၂) အုပ္စုတြင္ ေရြးေကာက္ပြဲက်င္းပခြင့္ျပန္ျပဳရန္  KACC ကေတာင္းဆိုထားသည္။ 

“ က်ေနာ္တုိ႔ျပန္ၿပီးမွေတာင္းဆိုတာက ၁၂ အုပ္စုေပါ့၊ အဲဒီ (၁၂) အုပ္စုက ၿမိဳ႕နဲ႔လည္းနီးတယ္ သြားေရးလာေရးအဆင္ေျပ တယ္၊ လံုျခံဳေရးအရလည္းေကာင္းတယ္၊ ဥပမာေျပာရရင္ ဆမီးၿမိဳ႕အနားမွာရွိတဲ့ ကံေဘာင္အုပ္စုဆိုလို႔ရွိရင္ေတာ့ ဆမီးကေန ၅ မိုင္ေလာက္ပဲေ၀းတယ္၊ အဲဒီနားမွာ စစ္ပြဲလည္းတခါမွမျဖစ္ဖူးဘူး၊ လံုျခံဳမႈရွိတယ္ေပါ့ အဲလိုမ်ဴိးေနရာေတြကို ေတာ့လုပ္ေပးႏုိင္မယ္ဆိုရင္အရမ္းေကာင္းမယ္’’ ဟု ဆလုိင္းပိန္နန္းကေျပာသည္။ 

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္၏ ေအာက္တိုဘာ ၁၆ရက္ ထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၉ၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္တြင္ လုံျခဳံေရးအေျခအေနအရ တစ္ၿမိဳ႕နယ္လုံးေရြးေကာက္ပြဲ မက်င္းပနိုင္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)အၾကား တိုက္ပြဲျဖစ္ပြားေနသည့္ ပလက္၀ၿမိဳ႕နယ္မပါ၀င္သည့္အတြက္ ေ၀ဖန္ခံခဲ့ရသည္။ 

ပလက္၀ၿမိဳ႕နယ္အတြင္း ေရြးေကာက္ပြဲက်င္းပမည္အေျခအေနႏွင့္ပတ္သက္၍ တစ္ၿမိဳ႕နယ္လံုး၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္တြင္ ေရြးေကာက္ပြဲက်င္းပႏုိင္သည့္အေနအထားတြင္ရွိသည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔က တင္ျပခဲ့ေသာ္လည္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ေက်းရြာအုပ္စု (၉၄) ေနရာတြင္ က်င္းပမည္မဟုတ္ေၾကာင္း ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။ 

လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၅) ခုရွိသည့္ ပလက္၀ၿမိဳ႕နယ္တြင္ လာမည့္ေရြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၄ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.