• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”ကမ်ပိန်းကို ပြည်သူများ ပိုအာရုံစိုက် အားဖြည့်ဖို့ မေတ္တာရပ်ခံ

“ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”ကမ်ပိန်းကို ပြည်သူများ ပိုအာရုံစိုက် အားဖြည့်ဖို့ မေတ္တာရပ်ခံ

0
By Editor on September 13, 2023 Khonumthung

(006SV)

 “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”ရန်ပုံငွေလှုပ်ရှားမှုသည် ကမ်ပိန်းကာလ လေးပုံတစ်ပုံ ရောက်ရှိလာချိန်အထိ  ၁၀ ရာခိုင်နှုန်းသာ ရရှိသောကြောင့် ပြည်တွင်း/ပက ပြည်သူများ ပိုမိုအာရုံစိုက်အားဖြည့်ရန် လိုအပ်နေကြောင်း ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ တာဝန်ရှိသူများက မေတ္တာရပ်ခံ တောင်းဆိုသည်။ 

ခုခံပြောက်ကျားစစ်မှ စခန်းသိမ်း ထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ရက်ထိ ရန်ပုံငွေ ကမ်ပိန်းကို ပြုလုပ်နေ ခြင်းဖြစ်သည်ဟု CDF- ကန်ပက်လက်မှ တပ်မဟာမှူး ထွန်းလိန်ထန်က ပြောသည်။ 

“ဒီကန်ပိန်းက CDF ကန်ပက်လက်အတွက် အရေးကြီးတဲ့ ကန်ပိန်းဖြစ်တယ်။ တော်လှန်ရေး အရွေ့တစ်ခု အတွက်လည်း အရေး ကြီးတယ်။ အဲလိုဖြစ်တဲ့အတွက် ထောက်ပို့ ပြည်သူတွေအနေနဲ့ အထူးအာရုံစိုက်ပေးဖို့ လိုအပ်တယ်။ တော်လှန်ရေး အရွေ့တစ်ခု ဖြစ်တဲ့ ခံစစ်ကနေ ထိုးစစ်ကို ပြောင်းနိုင်ဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်။ နောက်ဆက်တွဲမှာလည်း စခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် လိုအပ်နေတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကို တပ်ဆင်နိုင်ဖို့လည်း ရည်ရွယ်ထား တာပါ” ဟု သူက ပြောသည်။ 

“ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ကမ်ပိန်းသည် ရန်ပုံငွေ သိန်း ၅၀၀၀ ရရှိရန် ရည်မှန်းထားသော်လည်း လက်ရှိ ကမ်းပိန်ကာလ ၁၁ ရက်တာအတွင်း ၁၀ ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ကမ်ပိန်းတာဝန်ရှိသူများက ပြောသည်။ 

“ပြည်တွင်း/ပြည်ပက ညီအစ်ကိုမောင်နှမများအနေနဲ့  ဒီကမ်ပိန်းလေး ဆောင်ရွက်နေချိန်မှာ ကိုယ်ပိုင်တဲ့ တစ်နေ့လုံးရဲ့ စက္ကန့် ၂၀၊ ၃၀ စသဖြင့် ဒီကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီကမ်ပိန်းကို ဆောင်ရွက်နေချိန်မှာ ပြည်တွင်း ပြည်ပက ညီအစ်ကို မောင်နှမများ အားလုံးအနေနဲ့ ကျနော်တို့ကို ဆေးလိပ်တစ်လိပ်ဖိုး ဖြစ်ဖြစ်၊ ကွမ်းတယာဖို့ပဲ ဖြစ်ဖြစ်၊ ထမင်းတစ်နပ်ဖို့းလေးပဲ ဖြစ်ဖြစ် အစပြုပြီး ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကန်ပက်လက်မြို့နယ်ကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းထွန်းဟုန်က ပြောသည်။ 

CDF – ကန်ပက်လက်တွင် တပ်ရင်း ၇ ရင်းရှိပြီး တပ်ရင်းတစ်ရင်းတွင် စစ်အာဏာရှင်ကို ခုခံတော်လှန်ရန် လေ့ကျင့်ပြင်ဆင်ထားသည့် အနည်းဆုံး ရဲဘော် ၆၀ မှ အများဆုံး ရဲဘော် ၁၅၀ အထက်ရှိသည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူ ဆလိုင်းအောင်လိန်းက ပြောသည်။

ခုခံတော်လှန်ရေး ၃ နှစ်နီးပါးတွင် တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွား၍ စစ်ကောင်စီမှ အရာရှိတချို့အပါအဝင် ၂၀၀ ဦးထက်မနည်း သေဆုံးသည်၊ CDF- ကန်ပက်လက်မှ ရဲဘော် (၁၆) ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

အများအားဖြင့် ချင်းရိုးရာတူမီးများသာ ကိုင်ဆောင်တိုက်ပွဲဝင်နေရသော CDF- ကန်ပက်လက်သည် ချင်းပြည်၏ ရှေ့တန်း စစ်မျက်နှာဖြစ်နေပြီး လက်နက်အင်အား ကွာဟမှုကြောင့် တပ်ရင်း (၂) စခန်းကို သုံးကြိမ် လက်လွှတ်ခဲ့ရသည်၊ တပ်မဟာဌာန ချုပ်ကိုလည်း တစ်ကြိမ် လက်လွှတ်ခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.