• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»သိုင်းငင်း (Tiangen) ကျေးရွာအနီးတွင် ဟိုတယ်ဇုံတည်ဆောက်မည့်သတင်းကြောင့် ဒေသခံများစိုးရိမ်

သိုင်းငင်း (Tiangen) ကျေးရွာအနီးတွင် ဟိုတယ်ဇုံတည်ဆောက်မည့်သတင်းကြောင့် ဒေသခံများစိုးရိမ်

0
By Editor on November 22, 2018 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်းငင်းကျေးရွာ၏ အနောက်ဘက်တွင်  တင်ဝင်းထွန်း ကုမ္ပဏီနှင့် မြတ်နိုးသူ ကုမ္ပဏီတို့မှ မြေကွက်လျှောက်ထားပြီး ဟိုတယ်ဇုံတည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်က တီးတိန်မြို့နယ်၊ ဇိုဇန် နှင့် ဆိုဇန် ကျေးရွာအကြားကို တင်ဝင်းထွန်းကုမ္ပဏီက ကားလမ်းဖောက်လုပ်စဉ်ကာလအတွင်း စက်​သုံးဆီသို​လှောင်​ရန်​နှင့်​ စက်​ယန္တရားများထားရှိရန်အတွက် အဆိုပါမြေနေရာ ယာယီအသုံးပြုခွင့်ပြုရန် တောင်းဆိုခဲ့သည့်အတွက် သိုင်းငင်းကျေးရွာလူကြီးများက ခွင့်ပြုခဲ့ကြသည်ဟု Area Peace and Development Forward မှ ဒါရိုက်တာ ဦး GS Mang ကပြောသည်။

ကားလမ်းဖောက်လုပ်မှုကို (၂၀၁၅) ခုနှစ်တွင် ပြီးဆုံးခဲ့သော်လည်း တင်ဝင်းထွန်းကုမ္ပဏီက ယာယီအသုံးပြုခွင့်ပြုထားသည့် မြေနေရာကို ပြန်မစွန့်လွှတ်တော့ဘဲ မြေလွတ်​၊ ​မြေလပ်​နှင့်​ ​မြေရိုင်းများ စီမံခန့်​ခွဲ​ရေး နည်းဥပ​ဒေ ပုဒ်​မ – ၁၈ နည်းဥပ​ဒေခွဲ (က) အရ အစိုးရထံလျှောက်ထားပြီး ဒေသခံပြည်သူများထံ ကမ္ဘာ့အဆင့်မှီ ဟိုတယ်ဇုံတည်ဆောက်မည်ဟု ပြောဆိုထားသည့်အတွက် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါဒေသတွင် တင်ဝင်းထွန်းကုမ္ပဏီက မြေ (၂.၅) ဧက၊ မြတ်နိုးသူ ကုမ္ပဏီက မြေ (၂.၅) ဧက စုစုပေါင်း မြေ (၅) ဧက ကို လျှောက်ထားသည်ဟုသိရပြီး ယခုလက်ရှိတွင် ဟိုတယ်ဇုံအတွက် အကောင်အထည်ဖော်ဆောင်ခြင်းမရှိသေးသော်လည်း မြေနေရာများကို ခြံစည်းရိုးခတ်ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Area Peace and Development Forward၊ ဇိုမီး​ ကျောင်းသားနှင့်လူငယ်အဖွဲ့နှင့်​ ​မြွေ​တောင်​​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ (Mwetaung Region Development Group) တို့ ဦး​​ဆောင်သည့် ​​အရပ်ဖက်​​ ပူး​​ပေါင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် အဆိုပါဒေသသို့ သွားရောက်ခဲ့ကြပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ကြသည်။

ဦး GS Mang က “လက်​ရှိမြန်​မာနိုင်​ငံရဲ့​ 
မြေယာဥပ​ဒေများသည်​ တိုင်းရင်းသားလူမျိုးများ၏ အခွင့်​အ​ရေးကို အကာအကွယ်​မ​ပေးသည့်​အပြင်​ ဘိုးဘွားပိုင်​​မြေများ ချိုး​ဖောက်ခံ​​​နေရသည့်​ ​မြေယာဥပ​ဒေများဖြစ်​နေသည့်အတွက် အခုလို တိုင်းရင်း
သားလူမျိုးများ ထိခိုက်​​စေနိုင်​သည့်​ မည်​သည့်​စီမံကိန်းကိုမှ ခွင့်​မပြု​ပေးသင့်​​ဘူး’’ ဟု ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.