ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူတစ်ဦး သေဆုံး

0
ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးထားသည့် အသက် ၅၆ နှစ် အရွယ် Pu Tler Ling မှာ ဆေးကုသရန်အတွက် ကလေးမြို့သို့ ပို့ဆောင်စဉ်တွင် သေဆုံးသွားကြောင်းသိရသည်။
“Pu Tler Ling သေသွားတာဟုတ်တယ်၊ အလောင်းက ဟားခါးကိုပြန်မရောက်သေးဘူး၊ ဆေးကုဖို့ ကလေးကို ခေါ်သွားတာ ကလေးမရောက်ခင်မှ သေသွားတယ်လို့သိရတယ်၊ သူ့ကိုဖမ်းစီးထားစဉ်မှာ နှိပ်ဆက်တာကြောင့် ရတဲ့ဒဏ်ရာကို ကုဖို့ခေါ်သွားရင်းနဲ့ ခုလိုဖြစ်တာလို့ ယူဆရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးမှ ပြောသည်။
သေဆုံးသွားသူ Pu Tler Ling အား မေလ ၉ ရက်နေ့တွင် ဟားခါးမြို့ နွယ်ချောင်းဘက်တွင်ရှိသည့် လယ်တောယာအိမ်ထဲတွင် ရှိနေစဉ် စစ်ကောင်စီများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရကြောင်းသိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် CDF-Hakha နှင့် စစ်ကောင်စီတပ်ဖွဲ့များ မေလဆန်းပိုင်းမှ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီများမှ လူနေအိမ်များအားသို့ ဝင်ရောက်စီးနင်းကာ ပြည်သူများအား ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Share.

About Author

Leave A Reply