Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ဒု-ရဲအုပ်တစ်ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်

ဟားခါးမြို့က ဒု-ရဲအုပ်တစ်ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်

0
By Editor on September 12, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့က ဒုရဲအုပ်တစ်ဦးသည် လက်နက်နှင့်အတူ အလင်း ဝင်လာ ကြောင်း CDF-Hakha က ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအလင်းဝင်လာသူ ရဲအရာရှိသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ တော့ဘဲ ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

လက်နက်နှင့်အတူ အလင်းဝင်လာရဲအရာရှိကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံ‌သောနေရာရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။

စက်တင်ဘာလဆန်းပိုင်း ၂ ရက်နေ့တွင် ရဲတပ်သား ၁ ဦး နှင့် ၄ ရက်နေ့တွင် ရဲသား ၂ ဦး စုစုပေါင်း ရဲတပ်သား ၃ ဦး သည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ‌ဟားခါးမြို့ ခြောက်လမ်းဆုံတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သားတစ်ဦး CDF-Hakah ထံ လက်နက်နှင့်အတူ အလင်းဝင်လာခဲ့ပြီး ဆုငွေချီးမြှင့်ကာ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.