Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် ညအပြင်မထွက်ကြရန် CDF – Hakha သတိပေး

ဟားခါးမြို့တွင် ညအပြင်မထွက်ကြရန် CDF – Hakha သတိပေး

0
By Editor on October 16, 2024 Khonumthung

(004SS)

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဒေသခံများအနေဖြင့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း အိမ်ပြင်ထွက်ခြင်းမပြုကြရန် Chinland Defense Force – Hakha က ယနေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ဆို ည အပြင်မသွားတာကြာပြီး၊ အခု CDF ရဲ့ ထုတ်ပြန်တာကတော့ တချို့က ညမှာ အပြင်ထွက်ကြလို့နေမှာ၊ စကစ မရှိတဲ့ဘက်ဆိုရင် ညမှာ အပြင်ထွက်တဲ့သူတွေရှိတယ်။ ပြီးတော့ ခွေးမမွေးဖို့လဲ ထုတ်ထားတယ်။ လူငယ်တွေ လှုပ်ရှားချင်ရင် ခွေးဟောင်တော့ စကစက ရမ်းပစ်တော့တာ။ အခုလို သတိပေးထားတာတွေကိုတော့ လိုက်နာသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သော ဒေသခံများအနေဖြင့် ခွေးမမွေးကြရန် ထုတ်ပြန်ချက်ကိုလည်း ပြည်သူများအနေဖြင့် လိုက်ကြရန်လည်း CDF – Hakha က ထပ်မံ အသိပေးထားသည်။

CDF- Hakha အနေဖြင့် တော်လှန်ရေးလှုပ်ရှားရာတွင် အနှောက်အယှက်ဖြစ်စေခြင်းကြောင့် ဟားခါးမြို့တွင် အိမ်မွေးခွေးများကို ရောင်းကြရန်၊ ရောင်း၍မရပါက သတ်ကြရန် ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခွေး‌မမွေးကြရန် သတိပေးချက်ကို လိုက်နာခြင်းမရှိသူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး ညအပြင်မထွက်ရန် ထုတ်ပြန်ချက်အား မလိုက်နာသူများကို အသက်အန္ဓာရယ်တစ်စုံတစ်ခု ကြုံတွေ့ပါက CDF-Hakha အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားပါသည်။

လက်ရှိ ဟားခါး – ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းလဲန်းအစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ကူနှင့် ဟားခါးမြို့မှ လက်နက်ကြီးများ ပစ်ကူ‌ပေးနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.