Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် မိုင်းမတော်တဆမှုကြောင့် CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံး

ဟားခါးမြို့တွင် မိုင်းမတော်တဆမှုကြောင့် CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံး

0
By Editor on July 10, 2022 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၇ ရက် ည (၉) နာရီဝန်းကျင်က ဈေးသစ်ရပ်ကွက်၊ တာလ်ကျုံးလိန်းလမ်းပေါ်ရှိ အ.ထ.က (၁) ကျောင်းအနီးတွင် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

“မနေ့ညက အ.ထ.က (၁) ကျောင်းနားမှာဖြစ်တာ။ နှစ်ယောက်စလုံးက လူငယ်တွေပဲ၊ မိုင်းမတော်တဆ ပေါက်ကွဲသွားတာထင်တယ်” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးသည့် CDF-Hakha ရဲဘော်နှစ်ဦးမှာ အသက် ၂၀/၂၅ နှစ်ဝန်းကျင်ခန့်သာရှိကြပြီး ၎င်းတို့၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီတပ်ဖွ့ဲဝင်များက သယ်ယူသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ဝါဒဖြန့် သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်၏ ဖော်ပြချက်အရ “ဇူလိုင် ၇ ရက် ည ၁၁ ခွဲအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်အတွင်း ဗုံးပေါက်သံကြားလို့ သွားရောက်ရှင်းလင်းချိန်တွင် တာလ် ကျုံးလိန်းလမ်းပေါ် ဗုံးထောင်ရင်းဗုံးကွဲကာ သေဆုံးသွားသည့် CDF တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိတယ်” ဟု ယနေ့မနက် ၈ နာရီသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဗုံးကွဲသေဆုံးသူနှင့်အတူ Type-56 အမျိုးအစား AK သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၃ တောင့် ရရှိကြောင် းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့်ပက်သက်ပြီး Hakha- CDF အနေဖြင့် သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.