• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် မိုင်းမတော်တဆမှုကြောင့် CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံး

ဟားခါးမြို့တွင် မိုင်းမတော်တဆမှုကြောင့် CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံး

0
By Editor on July 10, 2022 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၇ ရက် ည (၉) နာရီဝန်းကျင်က ဈေးသစ်ရပ်ကွက်၊ တာလ်ကျုံးလိန်းလမ်းပေါ်ရှိ အ.ထ.က (၁) ကျောင်းအနီးတွင် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

“မနေ့ညက အ.ထ.က (၁) ကျောင်းနားမှာဖြစ်တာ။ နှစ်ယောက်စလုံးက လူငယ်တွေပဲ၊ မိုင်းမတော်တဆ ပေါက်ကွဲသွားတာထင်တယ်” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးသည့် CDF-Hakha ရဲဘော်နှစ်ဦးမှာ အသက် ၂၀/၂၅ နှစ်ဝန်းကျင်ခန့်သာရှိကြပြီး ၎င်းတို့၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီတပ်ဖွ့ဲဝင်များက သယ်ယူသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ဝါဒဖြန့် သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်၏ ဖော်ပြချက်အရ “ဇူလိုင် ၇ ရက် ည ၁၁ ခွဲအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်အတွင်း ဗုံးပေါက်သံကြားလို့ သွားရောက်ရှင်းလင်းချိန်တွင် တာလ် ကျုံးလိန်းလမ်းပေါ် ဗုံးထောင်ရင်းဗုံးကွဲကာ သေဆုံးသွားသည့် CDF တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိတယ်” ဟု ယနေ့မနက် ၈ နာရီသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဗုံးကွဲသေဆုံးသူနှင့်အတူ Type-56 အမျိုးအစား AK သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၃ တောင့် ရရှိကြောင် းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့်ပက်သက်ပြီး Hakha- CDF အနေဖြင့် သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.