Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးနှင့် အမျိူးသမီး ၈ ဦးအပါအဝင် ၂၃ ဦးဖမ်းဆီးခံရ

ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးနှင့် အမျိူးသမီး ၈ ဦးအပါအဝင် ၂၃ ဦးဖမ်းဆီးခံရ

0
By Editor on March 2, 2021 Headline
#Unicode
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များမှ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် သတင်းသမားတစ်ဦးနှင့် အမျိူးသမီး ၈ ဦးအပါအဝင် ၂၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟုသိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ ကျွန် တော်တို့ခေါင်း ဆောင်တွေ မနေ့ညက စခန်းမှာသွားပြီးတော့ သူတို့စာရင်းကိုတောင်းတာ နာမည်စာရင်း အတိအကျ ကို မပေးချင်ဘူး၊ ဒါပေမယ့် ဘယ်နှစ်ယောက်လည်းဆိုတာကတော့ သူတို့ဖက်ကနေပြောတာကတော့ အမျိုးသမီး ၈ ဦး၊ အမျိုး သား ၁၅ ဦးဖြစ်တယ်၊ မနေ့ညမိုးချုပ်တဲ့အထိတော့ ရဲစခန်းမှာပဲ ထမင်းနဲ့ ည အိပ်စောင်တွေရဲစခန်းမှာသွွားပေးတော့ ကျွန် တော်တို့ အထင်ကတော့ ရဲစခန်းမှာပဲထင်တယ်။ အာဏာ သိမ်းစစ်ကောင်စီရဲ့ အကြီးအကဲလို့ပြောလို့ရမယ်ထ င်တယ်သူ နဲ့ စကားပြောတာကတော့ များသော အားဖြင့် ဒီနေ့ပြန်လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ဖက်ကနေပြီး စစ်ဆေး ချင်တဲ့ဟာ တခုခုရှိတယ်ဆိုရင်တော့ ၁ယောက် ၂ယောက်လောက်ထိန်း သိမ်းခံနိုင်တယ်လို့ပြောတယ်” ဟု ပြောသည်။
ယမန်နေ့ ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူများအား လူနေအိမ်းများအထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြသည့်အပြင် လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်များလည်း ဖမ်းဆီးယူဆောင်သွားကြသည်ဟုသိရသည်။
ဆလိုင်း ဆန်နှင်းလျန်က“ ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အတင်းအဓမ္မ၊ အကြမ်းဖက်နည်းနဲ့ အာဏာပိုင်တွေဖက်ကနေပြီး ဖြိုခွင်းနေတယ်၊ အာဏာကို အသုံးပြုပြီးတော့ လူတွေကို ဒီလိုမျိုးဖြိုခွဲတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ အရာပဲ၊ ပြီးတော့ သူတို့ဖမ်းဆီးထားတဲ့သူတွေမှာ သတင်းထောက်လည်းပါတယ်ဆိုတော့ သတင်း ထောက်ကသူ့အလုပ်လုပ်တဲ့နေရာမှာ ဒီလိုမျိုးဖမ်းထားတာက လုံးဝမဖြစ်သင့်တဲ့အရာဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်၊ တပ်မတော်အာဏာသိမ်းအစိုးရဖက်ကနေပြီး ဒီအဖမ်းအဆီးတွေ ထပ်မလုပ်ဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်နည်းသုံးပြီးမှ ဖြိုခွင်းတာတွေ ဆက်မ လုပ်ဖို့ ပြောချင်တယ်။” ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဟားခါးမြိုဆန္ဒဖော်ထုတ်မှုသတင်းယူနေသော ဟားခါးတိုင်းမ်သတင်းဌာန အယ်ဒီတာဌာနချူပ်အပါအဝင် ၃ ဦးဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြန်လည်လွှတ်ပေးခဲ့သည်။
#Zawgyi
ခ်င္းျပည္နယ္၊ ဟားခါးျမဳိ႕တြင္ မတ္လ ၁ ရက္ေန႔က စစ္အာဏာသိမ္းမႈအား ကန္႔ကြက္ဆႏၵေဖာ္ထုတ္ေနသည့္ ျပည္သူမ်ားကုိ ရဲတပ္ဖြဲ႔ဝင္မ်ားမွ မ်က္ရည္ယုိဗုံးျဖင့္ ပစ္ခတ္ၿဖိဳခြင္းခဲ့ျပီးေနာက္ သတင္းသမားတစ္ဦးႏွင့္ အမ်ဴိးသမီး ၈ ဦးအပါအ၀င္ ၂၃ ဦးကုိ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည္ဟုသိရသည္။
ခ်င္းလူ႔အခြင့္အေရးအဖြဲ႔မွ ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ဆလုိင္းဆန္ႏွင္းလ်န္က “ ကြ်န္ ေတာ္တုိ႔ေခါင္း ေဆာင္ေတြ မေန႔ညက စခန္းမွာသြားျပီးေတာ့ သူတုိ႔စာရင္းကုိေတာင္းတာ နာမည္စာရင္း အတိအက် ကုိ မေပးခ်င္ဘူး၊ ဒါေပမယ့္ ဘယ္ႏွစ္ေယာက္လည္းဆုိတာကေတာ့ သူတုိ႔ဖက္ကေနေျပာတာကေတာ့ အမ်ဳိးသမီး ၈ ဦး၊ အမ်ဳိး သား ၁၅ ဦးျဖစ္တယ္၊ မေန႔ညမုိးခ်ဳပ္တဲ့အထိေတာ့ ရဲစခန္းမွာပဲ ထမင္းနဲ႔ ည အိပ္ေစာင္ေတြရဲစခန္းမွာသြြားေပးေတာ့ ကြ်န္ ေတာ္တုိ႔ အထင္ကေတာ့ ရဲစခန္းမွာပဲထင္တယ္။ အာဏာ သိမ္းစစ္ေကာင္စီရဲ႕ အၾကီးအကဲလုိ႔ေျပာလုိ႔ရမယ္ထ င္တယ္သူ နဲ႔ စကားေျပာတာကေတာ့ မ်ားေသာ အားျဖင့္ ဒီေန႔ျပန္လြတ္ေပးမယ္လုိ႔ေျပာတယ္။ ဒါေပမယ့္ သူတုိ႔ဖက္ကေနျပီး စစ္ေဆး ခ်င္တဲ့ဟာ တခုခုရွိတယ္ဆုိရင္ေတာ့ ၁ေယာက္ ၂ေယာက္ေလာက္ထိန္း သိမ္းခံႏုိင္တယ္လုိ႔ေျပာတယ္”ဟု ေျပာ သည္။
ယမန္ေန႔ ဟားခါးၿမိဳ႕ဆႏၵေဖာ္ထုတ္မႈတြင္ ရဲတပ္ဖြဲ႔၀င္မ်ားက မ်က္ရည္ယိုဗံုးမ်ားျဖင့္ ပစ္ခတ္ၿဖိဳခြင္းခဲ့ၿပီး ဆႏၵျပျပည္သူမ်ားအား လူေနအိမ္းမ်ားအထိ ၀င္ေရာက္ဖမ္းဆီးခဲ့ၾကသည့္အျပင္ လမ္းေဘးတြင္ရပ္ထားသည့္ ဆိုင္ကယ္မ်ားလည္း ဖမ္းဆီးယူေဆာင္သြားၾကသည္ဟုသိရသည္။
ဆလုိင္း ဆန္ႏွင္းလ်န္က“ ဒီဟာကေတာ့ လုံးဝမျဖစ္သင့္တဲ့လုပ္ရပ္လုိ႔ ကြ်န္ေတာ္တုိ႔ျမင္ပါတယ္၊ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျငိမ္း ခ်မ္းစြာ ဆႏၵထုတ္ေဖာ္တဲ့သူေတြကို အတင္းအဓမၼ၊ အၾကမ္းဖက္နည္းနဲ႔ အာဏာပုိင္ေတြဖက္ကေနျပီး ျဖဳိခြင္းေနတယ္၊ အာဏာကို အသုံးျပဳျပီးေတာ့ လူေတြကုိ ဒီလိုမ်ဳိးျဖဳိခြဲတယ္ဆုိေတာ့ လုံးဝမျဖစ္သင့္တဲ့ အရာပဲ၊ ျပီးေတာ့ သူတုိ႔ဖမ္းဆီးထားတဲ့သူေတြမွာ သတင္းေထာက္လည္းပါတယ္ဆုိေတာ့ သတင္း ေထာက္ကသူ႔အလုပ္လုပ္တဲ့ေနရာမွာ ဒီလုိမ်ဳိးဖမ္းထားတာက လုံးဝမျဖစ္သင့္တဲ့အရာျဖစ္တယ္လုိ႔ ကြ်န္ေတာ္တုိ႔ သုံးသပ္မိပါတယ္၊ တပ္မေတာ္အာဏာသိမ္းအစုိးရဖက္ကေနျပီး ဒီအဖမ္းအဆီးေတြ ထပ္မလုပ္ဖို႔နဲ႔ ျငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့သူေတြကုိ အၾကမ္းဖက္နည္းသုံးျပီးမွ ျဖဳိခြင္းတာေတြ ဆက္မ လုပ္ဖို႔ ေျပာခ်င္တယ္။” ဟုေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကလည္း ဟားခါးၿမိဳဆႏၵေဖာ္ထုတ္မႈသတင္းယူေနေသာ ဟားခါးတိုင္းမ္သတင္းဌာန အယ္ဒီတာဌာနခ်ဴပ္အပါအ၀င္ ၃ ဦးဖမ္းဆီးခံခဲ့ရၿပီး ေနာက္တစ္ေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔တြင္ျပန္လည္လႊတ္ေပးခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.