• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပေါ်တွင် စနေ၊ တနင်္ဂနွေ ဝတ်ပြုကိုးကွယ်မှုအစီစဉ် ကြိုတင်ခွင့်တောင်းစရာမလိုပဲပြန်လည်ခွင့်ပြု

ဟားခါးမြို့ပေါ်တွင် စနေ၊ တနင်္ဂနွေ ဝတ်ပြုကိုးကွယ်မှုအစီစဉ် ကြိုတင်ခွင့်တောင်းစရာမလိုပဲပြန်လည်ခွင့်ပြု

0
By Editor on February 22, 2023 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စနေနှင့် တနင်္ဂနွေနေ့နှစ်ရက်အတွက် ဘုရားကျောင်းဝတ်ပြုအစည်းအဝေးများကို စစ်ကောင်စီထံကြိုတင်ခွင့်တောင်းစရာမလိုပဲ ပြန်လည်ခွင့်ပြုလိုက်ပြီဟု ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ေ ဆာင်များအဖွဲ့ (HCMF) ထံမှသိရသည်။

ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များသည် ဟားခါးမြို့အခြေစိုက် စစ်ဗျူဟာမှူးကို သွားရောက်တွေ့ဆုံပြီး ဘုရားကျောင်းတက်နိုင်ရေး တင်ပြတောင်းဆိုရာမှာ ခုလိုပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့က ဓမ္မအမှုတော်ဆောင်ဆရာတော်တစ်ပါးကပြောသည်။

“ဘုရားကျောင်းဘယ်နေရာမှာရှိသလဲ၊ တာဝန်ခံ သင်းအုပ်ဆရာ တော်ကဘယ်သူလဲ ဆက်သွယ်နိုင်မယ့် ဖုန်းနံဘတ်ပေါ့နော် အသင်းတော်မှာ ပုံမှန်ဝတ်ပြုကိုးကွယ်တဲ့လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်းတင်ပြထားတယ် အဲဒီ တင်ပြတဲ့အပေါ်မှာ လက်ခံပေးပြီးတော့ ခွင့်ပြုပေးတာဖြစ်တယ်” ဟု ဓမ္မအမှုတော်ဆောင်ဆရာတော်ကပြောသည်။

ဟားခါးမြို့ပေါ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်နှင့် အခြားအစီစဉ်များကို မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုထားပြီး စနေနေ့အတွက် ဝတ်ပြုခြင်း၊ သီချင်းတိုက်ခြင်းနှင့် အခြားအစီစဉ်များကို မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ စစ်ကောင်စီကခွင့်ပြုထားကြောင်း ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါခွင့်ပြုချက်သည် ဟားခါးမြို့ပေါ်အခြေစိုက် ဘုရားကျောင်းများအတွက်သာဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ရက်အချိန်များတွင်သာ မြို့အုပ်ချုပ်ရေးမှူးရုံးထံ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်ချိန်အတွင်း လွတ်လပ်စွာ ဝတ်ပြုနိုင်မည်ဟုသိရသည်။

သို့သော်လည်း ဘုရားကျောင်းတွင် ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများ၊ မင်္ဂလာဆောင်ပွဲများနှင့် ဆုတောင်းပွဲများအတွက် စနေ၊ တနင်္ဂနွေနေ့မကျလျှင် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးတွင် ၅ ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်ဟု သိရသည်။

ထို့အပြင် နာရေးကိစ္စရပ်များတွင်လည်း ခွင့်ပြုချက် ရယူရန်ဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း နာရေးကိစ္စရပ်များတွင် အခက်ခဲရှိပါက HCMF ကိုလည်း အကူညီတောင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်၏ မြို့နယ် ၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာထားသော ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ကန်ပ က်လက်နဲ့ မတူပီမြို့နယ်တို့မှာ ညမထွက်ရအမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရ အမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ဘုရားကျောင်းဝတ်ပြုမည့်အစီစဉ်အတွက် တနင်္လာနေ့တိုင်းမှာ ခရိုင်ထွေအုပ်ရုံးထံ တစ်ပတ် ကြိုတင်ခွင့်ပြုချက်တင်ပြရမည်ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီက အမိန့်ထုတ်ခဲ့သည့်အတွက် ဘုရာကျောင်းတက်ရေးအတွက် အခက်အခဲများ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.