Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပေါ်တွင် မြို့နယ်မှူးကားကို တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၃ ဦး ဒဏ်ရာအများအပြားရရှိ

ဟားခါးမြို့ပေါ်တွင် မြို့နယ်မှူးကားကို တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၃ ဦး ဒဏ်ရာအများအပြားရရှိ

0
By Editor on January 7, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး စီးနှင်းလာသည့် ကားကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ဟားခါးက တိုက်ခိုက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ဟားခါးမြို့ပေါ်တွင် ဇန်နဝါရီလ ၄ ရက်က လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ရန် လာသော ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကားကို မြို့ပေါ်တနေရာမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တိုက်ပွဲကတော့ ခဏလေးပါ။ သူတို့ကားလာတဲ့အချိန်ကို ပစ်ပြီးတော့ ကိုယ့်လူတွေကို ပြန်ဆုတ်ခိုင်းတာပါ။ မြို့တွင်းဆိုတော့ အကြာကြီးပစ်လို့လည်း အဆင်မပြေဘူးဆိုတော့။ သူတို့ကားက မှောက်သေးတယ်။ ပလက်ဖောင်းပေါ်ကတက်ပြီးတော့ ဆိုင်ခန်း ၂ ခန်းကို ဝင်တိုက်ပြီးတော့ ကားလည်း တော်တော်လေး ပျက်စီးသွားတယ်။ သေသွားပြီထင်ပြီးတော့ ကိုယ့်လူတွေ ပြန်ဆုတ်ခိုင်းတာပါ” ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်အစိုးရရုံးတွင် လွတ်လပ်ရေးနေ့အခမ်းအနားကို ၄ နာရီ မီနစ် ၂၀ မှာ ကျင်းပရန် စီစဉ်ထားမှုကို သိရှိပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင် ၄ ဦးခန့် စီးနှင်းလာသောကားကို စောင့်ကြိုပစ်ခတ်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူးသည် မျက်စိ ထိခိုက်ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ကျည်ထိဒဏ်ရာများနှင့် ကားမှန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းတို့စီးနင်းလာသော ကားသည် လမ်းဘေးဆိုင်ခန်းများကို ဝင်တိုက်ပြီး ပျက်စီးသွားသည်ဟု သိရသည်။

ယင်းစစ်ဆင်ရေးတွင် CDF – ဟားခါးမှ ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဟားခါးမြို့အနီး Kiamtlang စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသည် MA 11 သေနတ် ၁ လက်၊ ကျည်ဘောင် ၃ ခု၊ ခဲယမ်းတချို့နှင့်အတူ CDF – ဟားခါးထံသို့ ဇန်နဝါရီလ ၃ ရက်က အလင်းဝင်ရောက်လာသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.