• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ ဆောက်လုပ်ရေး ရိပ်သာမီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံရမှုကြောင့် ချင်းပြည်နယ် လမ်းဦးစီးညွှန်မှူးနဲ့ ဇနီးသည် ထွက်ပြေးတိမ်းရှောင်

ဟားခါးမြို့ ဆောက်လုပ်ရေး ရိပ်သာမီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံရမှုကြောင့် ချင်းပြည်နယ် လမ်းဦးစီးညွှန်မှူးနဲ့ ဇနီးသည် ထွက်ပြေးတိမ်းရှောင်

0
By Editor on September 28, 2022 Headline

ဟားခါးမြို့ ဆောက်လုပ်ရေးရိပ်သာ မီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရသောကြောင့် ချင်းပြည်နယ် လမ်းဦးစီးဌာန ရုံးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးထာပဲန်းနှင့် ဇနီးသည်တို့သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“သူက CDM မလုပ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဟိုတခေါက် မီးလောင်တဲ့ကိစ္စမှာ သူက တာဝန်ရှိပုဂ္ဂိုလ်ကိုး၊ ဆိုတော့ အစိုးရဘက်ကနေလည်း ဖိအားပေးမှု တေရှိတာပေါ့။ ဟိုတစ်ခေါက်ကဆို တရားရုံးထိသွားရတယ် မေးမြန်းခံရတယ်ပေါ့။ သူတို့ကလည်း အဲဒီဒါဏ်ကို မခံနိုင်လို့ဖြစ်မှာပေါ့နော်။ သူတို့ကတော့ အဲကွာတာမီးလောင်ပြီး တစ်ပတ်ကျော်လောက်မှာ ထွက်ပေးကြတာဖြစ်တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ဦးထာပဲန်သည် လွန်ခဲ့သော ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ဟားခါးမြို့ ပြည်နယ်လမ်းဦးစီးဌာန ဝင်းအတွင်းရှိ ဧည့်ရိပ်သာ မီးလောင်ကျွမ်းခဲ့မှု၊ ဟားခါးခရိုင် လမ်းဦးစီးဌာနမှ AD နှစ်ဦး၊ AE တစ်ဦးနှင့်အတူ အခြားလုပ်သား (၈) ဦး စုစုပေါင်း ဌာနမှ ဝန်ထမ်း ၁၁ ဦး ပျောက်ဆုံးမှုများအတွက် ဟားခါးရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း သိရသည်။

ထို့ကဲ့သို့ အခြေအနေများကြောင့် ဦးထာပဲန်တို့နှင့် ဇနီးသည်တို့သည် လွန်ခဲ့သည့် ၃ ပတ်ခန့်ကတည်းက ဟားခါမြို့မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပျောက်ဆုံးသွားသည့် ၁၁ ဦးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သော ဟားခါးနှင့် ထန်တလန်ကြား သီမစ်တံတား တည်ဆောက်မည့်သူများဖြစ်ကြပြီး သြဂုတ်လ ၃၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားခြင်း ဟုတ်/မဟုတ်ဆိုသည်ကိုမူ မသိရပေ။

လက်ရှိတွင် ပျောက်ဆုံးနေသော အရာရှိနှင့် ဝန်ထမ်း ၁၁ ဦး ပြန်လည်လွတ်မြောက်နိုင်ရေး Non-CDM ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက အသုံးချ စေ့စပ်ညှိနှိုင်းခိုင်းနေသည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

ယခုလက်ရှိ ချင်းပြည်နယ် လမ်းဦးစီးဌာနတွင် ဒု-ပြည်နယ်တာဝန်ခံ DSE ဦးကျော်မင်းဦးအား ယာယီတာဝန်ခံ CE အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးထားကြောင်း သိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ CNF နှင့် CDF – Mara တို့ ပူးတွဲဖော်ဆောင်မည်

စစ်ကောင်စီတပ်စွဲရာနေရာအနီး နေထိုင်သူများ ရှောင်တိမ်းကြရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.