(002MG)
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေအတည်ပြုလိုက်ပြီးနောက်မှာ ချင်းပြည်နယ်ဟားခါးမြို့တွင် နိုင်ငံကူးလက်မှတ်ပါစ်စပို့ ပြုလုပ်သည့် လူငယ်ပိုများလာပြီး ပါစ်စပို့ပေါက်စေ◌ျးမှာလည်း ကျပ်ငွေ ၁၀ သိန်းခန့်အထိရှိနေသည်ဟုသိရသည်။
ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ်နေ့တိုင်း ပါစ်စပို့ပြုလုပ်သူ လူဦးရေ ၁၀၀ ဝန်းကျင်ခန့် အထိရှိနေပြီး အများစုမှာ လူငယ်ပိုများသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဟာခါးမြို့ခံတစ်ဦးက “လုပ်တဲ့သူက နေ့တိုင်း တစ်ရာနီးပါးရှိတယ်။ အသက်ကြီးတဲ့သူထက် လူငယ်က ပိုများတယ်” ဟုပြောသည်။
စစ်ကောင်စီက အရွယ်ရောက်ပြီးသူနိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်နိုင်သည့် ဥပဒေအတည်ပြုလိုက် ပြီးနောက် ချင်းပြည်နယ်မြို့နယ်များတွင် အတင်းဓမ္မ စစ်သားသစ်စုဆောင်းမူပြုလုပ်လာမည်ကို စိုးရိမ်နေကြ သော ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သူပိုများလာခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ ဟားခါးမြို့နိုင်ငံကူးလက်မှတ်ရုံးတွင် ၄/ များသာပြုလုပ်ပေးလျှက်ရှိပြီး ကျပ်ငွေ ၉ သိန်းမှ ၁၀ သိန်းအထိ ပေါက် စေ◌ျးရှိသည်ဟု သိရသည်။
ဟားခါးမြို့တွင် ပါစ်စပို့ပွဲစားလုပ်နေသူတစ်ဦးက “လုပ်မယ်ဆိုရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ရှိရင် ရပြီ။ ရန်ကုန်၊ နေပြည်တော်မှာလုပ်မယ်ဆိုရင် သိန်း (၂၀) ကျော်ပေးရတယ်၊ အခုဟားခါးမှာက အပြီးအစီး (၁၀) သိန်းယူတယ်၊ ကိုယ်တိုင် သွားလုပ်ပေးတယ်” ဟုပြောသည်။
စစ်ရေး နှင့် နိုင်ငံရေးမှာ အဘက်ဘက်က အကြီးအကျယ်အထိနာနေသော စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရက ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှု ထမ်းဥပဒေကို ဖေဖော် ၀◌ါရီလ ၁၀ ရက်နေ့ကပြန်လည်အသက်သွင်းလာခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်ပူပန်မှုလည်း မြင့်တက်နေကြ သလို ပြည်ပထွက်ခွါရန်ပြင်ဆင်နေသည့် နိုင်ငံတ၀◌န်းကလူငယ်ပိုများလာနေကြောင်းသိရသည်။
(ပုံစာ – ယခင်ပုံဟောင်း)