• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်

ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်

0
By Editor on September 11, 2019 Headline

By လားနွန် – ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ် ရောက်ရှိနေပြီဖြစ်သော်လည်း စိုက်ထူမည့်နေရာအတည်တကျမရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

“နေရာကတော့ ရှာတုန်းပါပဲ၊ နေရာအတည်တကျမရသေးဘူး၊ နှစ်နေရာ သုံးနေရာလောက်တော့ လွတ်တဲ့နေရာကို စီစဉ်ထားတယ်၊ ဒါပေမဲ့ ဘာမှအတည်ပြုမပြောနိုင်သေးဘူး၊ ဗိုလ်ချုပ်ကြေးရုပ်က အရင်ကစိုက်ထူပြီးသားလေ၊ အရင်က စည်ပင်ဧရိယာအတွင်းမှာ စိုက်ထူပြီးသားဖြစ်တယ်၊ အရင်က စိုက်ထူတဲ့ဟာက ကွန်ကရစ်နဲ့စိုက်ထူတဲ့ဟာဆိုတော့ ဟိုရွှေ့ဒီရွှေလုပ်တာနဲ့ ပွန်းတာ၊ ပဲ့တာတွေရှိတယ်၊ အဲဒါနဲ့ အသစ်ပြန်လုပ်ပေးမယ်ဆိုပြီး ပြန်လုပ်ပေးတဲ့ဥစ္စာဖြစ်တယ်” ဟု လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ယခုအသစ်ပြုလုပ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ချင်းပြည်နယ်လွှတ်တော်ရုံးတွင် ကွန်ကရစ်ခင်းပေးသည့်ကုမ္ပဏီမှ ကျပ်သိန်းနှစ်ရာအကုန်ကျခံကာ ပြုလုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်းလည်း ဥက္ကဌကပြောသည်။

ဟားခါးမြို့တွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ကြေးရုပ်စိုက်ထူခြင်းသည် လွတ်လပ်ရေးနှင့်သက်ဆိုင်ခြင်းကြောင့် ချင်းလွတ်လပ်ရေးခေါင်းဆောင်များ၏ ကြေးရုပ်များလည်းပါလျှင် ပြသနာများလျော့နည်းနိုင်မည်ဟု ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းမှ ကို Jacob Thang ကပြောသည်။

“ကော်မတီမဖွဲ့ခင်ကတည်းက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အလှူရှင်တွေရှိတယ်၊ လွတ်လပ်ရေးကျောက်တိုင်လည်းစိုက်ထူမယ်၊ အဲဒီကော်မတီမဖွဲ့ခင် ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်တုန်းက ကျနော်လည်းဆွေးနွေးခွင့်ရတော့ ကျွန်တော်ကပြောတယ်၊ ဗိုလ်ချုပ်က လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ်တယ်၊ အဲဒါကြောင့် လွတ်လပ်ရေးနှင့်ပတ်သက်တဲ့ဟာဖြစ်ရင်တော့ ချင်းလွတ်လပ်ရေးခေါင်းဆောင် (၃) ဦး၊ အဓိက ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ ပုဂ္ဂိုလ် (၃) ဦးရဲ့ကြေးရုပ်ရယ်၊ ဗိုလ်ချုပ်ရယ်၊ စုစုပေါင်း (၄) ယောက်ရဲ့ကြေးရုပ်ကို စိုက်ထူရင်တော့ ပြသာနာရှိမှာမဟုတ်ဘူး၊ တစ်ဦးတည်းကိုစိုက်ထူရင်တော့ ဒီဟာက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဒုက္ခရောက်မယ်လို့တော့ ကျနော်ဆွေးနွေးခဲ့ဖူးတယ်၊ အားလုံးတော့ သဘောတူခဲ့ကြပါတယ်” ဟု ကို Jacob Thang ကပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူဘက်မှ ကန့်ကွက်မှုများကြောင့် စိုက်ထူမည့်အစီအစဉ်အား ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.