• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟိုင်မွာလ်ကျေးရွာက ဆယ်ကျော်သက်အရွယ်မောင်နှမကို စစ်ကောင်စီတပ်က သတ်ဖြတ်

ဟိုင်မွာလ်ကျေးရွာက ဆယ်ကျော်သက်အရွယ်မောင်နှမကို စစ်ကောင်စီတပ်က သတ်ဖြတ်

0
By Editor on August 17, 2022 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်က ဆယ်ကျော်သက်အရွယ် မောင်နှမကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ကာ တောတွင်းတနေရာတွင် အလောင်းမြုပ်ထားခဲ့ကြသည်ဟု သိရသည်။

အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိသော မ Lalnunpuii နှင့် မောင်ဖြစ်သူ အသက် ၁၅ နှစ်အရွယ် Lalruat mawia တို့ဖြစ်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို သြဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက တောတွင်းတနေရာတွင် မြုပ်နှံထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် စစ်ကောင်စီတပ်ဖွဲ့များ သြဂုတ်လ ၁၄ ရက်နေ့က ဝင်ရောက်ကာ လူနေအိမ်ခြေ ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတချိူကို ဖမ်းဆီး၍ ပြန်လွတ်ပေးခဲ့သော်လည်း ၎င်းတို့နှစ်ဦးကိုဆက်လက်ဖမ်းဆီးပြီး သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.