Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

0
By Editor on November 5, 2025 Headline

(006SV)

မကွေးတိုင်းအနောက်ခြမ်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Asho က အောက်တိုဘာလ အတွင်း အကျဉ်းသား ၁၀၀ ကျော်အပါအဝင် ကျေးရွာဒေသခံ လူနာစုစုပေါင်း ၂၇၀ ကျော်ကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာအတွင်း CDF – အရှိုရဲဘော် တပ်ဖွဲ့ဝင် ၄၆ ဦး၊ အကျဉ်းသား ၁၀၄ ဦး၊ အရပ်သား ၆၇ ဦး၊ ကျေးရွာများကို ရွေ့လျားကုသမှုဖြင့် ဆေးကုသမှု ပေးနိုင်သော လူနာ ၆၀ ဦး စသည့် CDF – အရှို စခန်းအားလုံးနှင့် ကျေးရွာဒေသခံလူနာ စုစုပေါင်း ၂၇၇ ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု CDF – အရှိုထံမှ သိရသည်။

ယခုလို အရပ်သားပြည်သူများကိုပါ ဆေးဝါးကုသမှုများပေးနိုင်ရန် ဆေးဝါးအလှူ သီးခြား ပံ့ပိုးပေးပါသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများအား မိဘပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

“ပြီးခဲ့တဲ့လ ကုသမှု ပေးခဲ့ရတဲ့ လူနာတွေထဲမှာ အများဆုံးက ရာသီတုပ်ကွေးတွေ အဖြစ်များကြပါတယ်။ အဓိကက လမ်းခရီးခက်ခဲမှုနဲ့ ဆေးဝါးမလုံလောက်မှုတွေတော့ အနည်းငယ်ရှိခဲ့ပါတယ်၊၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါမယ်၊၊ အကျဉ်းသားတွေထဲမှာလည်း ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးဖျားနာ၊ ထိခိုက်ရှနာ စတာတွေကြောင့် ကုသပေးခဲ့ရတာတွေလည်း ရှိပါတယ်” ဟု CDF – အရှို၊ ဆေးဌာနမှူး မိုင်းအိုင်ယူက ပြောသည်။

လူနာများတွင် ရာသီတုပ်ကွေ ဖြစ်ပွားမှုကို အများဆုံးကုသပေးခဲ့ရပြီး ငှက်ဖျား၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ဆေးဝါးကုသမှု ပေးနိုင်ရန် ဆေးဝါးအလှူ ပံ့ပိုးကူညီပေးသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများကို ကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

CDF – အရှိုတပ်ဖွဲ့သည် စက်တင်ဘာလဆန်းမှစတင်၍ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာသော စစ်ကော်မရှင်တပ် စစ်ကြောင်းများကို အခြားတော်လှန်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခြင်းနှင့်အတူ ခုခံ/ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု နိုဝင်ဘာလဆန်းပိုင်းက အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်မှ စစ်မှုထမ်းရန် စုဆောင်းခြင်း ခံရသော တပ်ဖွဲ့ဝင် ၂၆ ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ CDF – အရှို ရဲဘော် ၂ ဦး ကျဆုံးပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦး၊ အခြားထိခိုက်ဒဏ်ရာ ရရှိသူ တပ်ဖွဲ့ဝင် ၇ ဦး ရှိသည်ဟု သိရသည်။

ဓါတ်ပုံ – CDF – အရှို့က ဆေးဝါးကုသပေးသော လူနာတချို့နှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ၊

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.