Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အကြိုမြို့သိမ်းတိုက်ပွဲအဖြစ် ဟားခါးမြို့ပေါ်ရှိ စစ်စခန်းများကို တပြိုက်နက်တိုက်ခိုက်၊ စစ်ကောင်စီမှ ၇ ဦးထက်မနည်း သေဆုံး

အကြိုမြို့သိမ်းတိုက်ပွဲအဖြစ် ဟားခါးမြို့ပေါ်ရှိ စစ်စခန်းများကို တပြိုက်နက်တိုက်ခိုက်၊ စစ်ကောင်စီမှ ၇ ဦးထက်မနည်း သေဆုံး

0
By Editor on November 28, 2023 Headline

(006SV) 

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲဖော်ဆောင်သည့်အနေဖြင့် မြို့ပေါ်အခြေစိုက် စစ်ကောင်စီ စခန်းအားလုံးကို ၂ ရက်တာ တပြိုက်နက်တိုက်ခိုက်သော စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု CDF- ဟားခါးမှ တာ၀◌န်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က စတင်သော မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆို သည့်အနေဖြင့် Rung Operation ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်း ဟားခါးမြို့တွင်းက စစ်ကောင်စီစခန်းအားလုံးကို တပြိုက်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ တာဝန်ရှိသူက ပြောသည်။

“ဟားခါးမြို့တော် မြို့တွင်းထဲမှာ Rung operation အနေနဲ့ မြို့တွင်းက စစ်တပ်စခန်းရှိသမျှ အကုန်လုံးကို မနေ့က တိုက်ခိုက် တာဖြစ်တယ်။ အဓိက ရည်မှန်းချက်ကတော့ ညီနောင်သုံးဖွဲ့ ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လပြည့်အထိန်းအမှတ်ကို ကျနော်တို့လည်း ပါဝင်တယ်။ အားပေးတယ်ပေါ့နော။ စကစနေတဲ့ နေရာတွေ၊ ဟားခါးမှာ ဝန်ကြီးအိမ်ယာတွေ လုံခြုံရေး စခန်းတွေ တပ်ကုန်းတွေကို သူတို့အများဆုံးနေတဲ့ နေရာတွေကို စစ်ဆင်ရေး လုပ်တာဖြစ်တယ်” ဟု CDF- ဟားခါးမှ တာ၀◌န်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦးထက် မနည်းသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိကာ CDF – ဟားခါးမှ ရဲဘော် ၂ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့က ဖြစ်ပွားသည့် ဟားခါးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဟားခါးထာရ်ရပ်ကွက် ထဲက နေအိမ်တစ်လုံးထိခိုက်ပျက်စီးကာ အရပ်သားပြည်သူ ၂ ဦးထိခိုက်သည်ဟုသိရသည်။ 

ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ဟားခါးမြို့တွင်းက စစ်ကောင်စီစခန်းများကို သွားရောက်မတိုက်ခိုက်သော်လည်း မြို့ပြင်က စခန်းအသေးလေးများကို တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်ဟု CDF- ဟားခါးမှ စစ်ရေးရင်းမြစ်က ပြောသည်။

ချင်းပြည်နယ်၏ စစ်ကောင်စီ အစိုးရရုံးစိုက်ရာ ဟားခါးကို သိမ်းပိုက်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု CDF-ဟားခါးတာ၀◌န်ရှိသူကပြောသည်။

“မြို့သိမ်းတိုက်ပွဲတွေကတော့ မကြာတော့ဘူးပေါ့နော။ မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်မှုတွေတော့အများကြီး လုပ်ထားတာ ရှိတယ်။ ဘယ်နေ့ဆိုတာတော့ ပြောလို့မရဘူး” ဟု သူက ပြောသည်။

Rung operation ကို CDF – ဟားခါး တစ်ဖွဲ့တည်းက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး CDF – ဟားခါးကို တပ်မဟာ (၄) ခုဖြင့် ဖွဲ့စည်း ထားသည်ဟု သိရသည်။ CDF – ဟားခါးက နိုင်ငံရေးရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ဟန်ချက်ညီ တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲမည်ဟု နိုဝင်ဘာလ ၂၇ ရက်က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၆ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများကို အချိန်မနှောင်းခင် လက်နက်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အလင်းဝင်ကြရန် CDF – ဟားခါးက သတိပေးချက် ထုတ်ပြန်ထားသည်။

အလင်းဝင်လာသူများကို စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တော်လှန်ရေးပြီးဆုံးသည်အထိ ဆောင်ရွက်ပေးမည်၊ လွတ်မြောက်နယ်မြေတွင် နေထိုင်နိုင်သကဲ့သို့ မိမိသွားလိုရာသို့ သွားနိုင်ရန် စီစဉ်ပေးမည်၊ လက်နက်ခဲယမ်း ယူဆောင်လာပါက သိန်း ၅၀ ထက်မနည်း အပိုဆု ချီးမြှင့်မည်ဟု CDF ဟားခါးက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.