• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုးနောက်ထပ် မသေဆုံးဖို့ပဲလိုအပ်ပါတယ်”

“အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုးနောက်ထပ် မသေဆုံးဖို့ပဲလိုအပ်ပါတယ်”

0
By Editor on January 31, 2022 Headline

စစ်ကိုင်းတိုင်းကလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က အလုပ်ကနေပြန်လာတဲ့ အသက် (၁၉) နှစ်အရွယ် ချင်းလူငယ်တစ်ဦး Thang Muan Khual သည် ပျောက်ဆုံးသွားခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ သူ့ရုပ်အလောင်းကို လာယူဖို့ ကလေးမြို့ စစ်ဆေးရုံကနေ သူ့မိသားစုဝင်တွေထံ အကြောင်းကြားလာတယ်လို့ သိရပါတယ်။

မိသားစုဝင်တွေက Thang Muan Khual ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားသယ်ကြပြီးနောက် အဲဒီနေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ကလေးမြို့ ဒိုးဝိုင်းချောင်းသချိုင်္င်းမှာ သဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ်။

Thang Muan Khual ဟာ ပန်းရံလုပ်ငန်းကို လုပ်ကိုင်ပြီး ဆေးချိုသွေးချိုရောဂါ ခံစားနေရတဲ့ မိခင်၊ ညီနဲ့ ညီမတို့ကို အလုပ်အကျွေးပြုနေသူတစ်ဦးဖြစ်ပါတယ်။ ယခုလို Thang Muan Khual သေဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တစ်ဦးကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကိုထန်းမွန်ခွါလ်က ဘယ်နေ့က ဘယ်လိုပျောက်ဆုံးသွားတာလဲ။

ဖြေ။ ။ သူပျောက်ဆုံးတာတော့ ၂၇ ရက်နေ့က အလုပ်ကနေအပြန် သူ့အဘွားအိမ်ကိုဝင်ပြီးတော့ ထမင်းစားခဲ့တာ သူ့အဘွားတို့က ၆ နာရီထိုးနေပြီ ပြန်တော့ဆိုပြီး ပြန်တဲ့အချိန်မှာ အိမ်မရောက်လာတော့ဘူး အိမ်မရောက်တော့ နောက်ရက်ပေါ့ ၂၈ ရက်နေ့မှာ ရဲစခန်းကိုသွားမေးတယ်၊ ရဲစခန်းက ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မေးလိုက်တယ်ပေါ့နော် အဲဒီမှာတော့ ဘာမှအဖြေမသိရဘူး

မေး။ ။ စစ်ကောင်စီဘက်ကနေ ဘယ်နေ့က ဘယ်လိုမျိူးအကြောင်းကြားလာတာလဲ။

ဖြေ။ ။ သူ့ညီမတွေဆီကိုအကြောင်းကြားတယ် ၂၉ ရက်နေ့မနက်မှာ သူတို့ကသွားပြီးတော့ သူ့အလောင်းဟုတ်မဟုတ် သေချာလေး ကြည့်တော့ ကျနော်တို့က နာရေးကားနဲ့အလောင်းသွားသယ်တာပေါ့နော

မေး။ ။ သူ့ရဲ့အလောင်းမှာကော် နှိပ်စက်ခံထားရတဲ့ဒါဏ်ရာတွေရှိလား။ ဘယ်လိုသေဆုံးသွားတာလဲ။

ဖြေ။ ။ ဒဏ်ရာကတော့ နှိပ်စက်ခြင်းဘာညာတော့မရှိဘူး ကျည်ဆံမှန်တဲ့ဟာကြောင့်ပါ။ ကျည်က နောက်ကနေမှန်ပြီး ဗိုက်ကနေ ထွက်တဲ့ပုံစံ၊ တပ်ကနေပြောတာကတော့ ရပ်လို့တားတာကို မရပ်လို့ ပစ်လိုက်တာလို့ပြောတယ်။ ဒါတွေက သူတို့လက်ထဲမှာပဲရှိတာကိုး။

မေး။ ။ ခုလိုမျိုးဖြစ်တဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။ ။ ခံစားတာတော့ခံစားတာပေါ့နော ကျနော်တို့မြန်မာနိုင်ငံမှာ ဒီလိုအပြစ်မဲ့ကလေးတွေကတော့ ဥပမာ တောထဲကနေ နေတဲ့သူတွေဆိုရင်တော့ သေနတ်ချင်းသေနတ်ချင်းပစ်တာ ပြသနာမရှိပါဘူး၊ ဒါပေမယ့် တုတ်တစ်ချောင်းတောင် မကိုင်တဲ့ ကလေးတွေကို ဒီလိုမျိူးလုပ်တာတော့ သိပ်အဆင်မပြေပါဘူးနော၊ ဒီလိုမျိူးပုံမှန်ဖြစ်နေတယ်ဆိုရင် ကျနော်တို့ကလေး တွေရဲ့ အသက်ပေါင်းများစွာလည်းရှိကောင်းရှိလာနိုင်တယ် ဥပဒေက မရှိတော့သလိုဖြစ်နေတယ် တာဝန်ယူမှု တာဝန်ခံမှုတွေမရှိတော့တာပေါ့နော် အဲလိုမျိုးဖြစ်နေတာ။

မေး။ ။ တခြားဘာများပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုး နောက်ထပ်မသေဆုံးဖို့ပဲ လိုအပ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.