• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အယ္ဒီတာခ်ဴပ္ (၃) ဦးအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုမႈ ျပန္ရုပ္သိမ္းရန္ သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္ထံ စာပို႔

အယ္ဒီတာခ်ဴပ္ (၃) ဦးအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုမႈ ျပန္ရုပ္သိမ္းရန္ သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္ထံ စာပို႔

0
By Editor on April 3, 2020 Khonumthung

#Zawgyi

တိုင္းရင္းသား သတင္းဌာနတစ္ခုအပါအ၀င္ ျပည္မအေျခစိုက္ သတင္းဌာန (၂) ခုတို႔မွ အယ္ဒီတာခ်ဴပ္ (၃) ဦးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မျဖင့္ တရားစြဲဆုိထားသည့္အမႈကို အျမန္ဆံုးျပန္လည္ရုပ္သိမ္း ပယ္ဖ်က္ေပးရန္ ႏုိ္င္ငံေတာ္သမၼတ ဦး၀င္းျမင့္ႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသုိ႔ လိပ္မူၿပီး Burma News International (BNI) က အိပ္ဖြင့္ေပးစာတစ္ေစာင္ကို ဧၿပီလ (၂) ရက္ေန႔ကေပးပို႔လိုက္သည္။

Burma News International (BNI) ၏ မူ၀ါဒေရးရာေကာ္မတီဥကၠဌ နန္းေဖာ့ေဂက “က်မတို႔ BNI အေနနဲ႔ ဒီမတ္လအကုန္ ဧၿပီလအကူးေလးမွာ သတင္းဌာနေတြရဲ႕ အယ္ဒီတာခ်ဳပ္ေတြ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥေပဒနဲ႔ ရင္ဆိုင္ေနရတာကို ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ သမၼတက လစ္လ်ဴ႐ႈမထားဖို႔၊ ျပန္လည္ထိန္းညႇိေဆာင္ရြက္ေပးဖို႔ ရည္ရြယ္ခ်က္နဲ႔ ခုလိုအိတ္ဖြင့္ေပးစာ ပို႔ရတာျဖစ္ပါတယ္၊ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး တည္ေဆာက္ေနတဲ့ က်မတို႔ႏုိင္ငံမွာ အရပ္သားအစိုးရအေနနဲ႔ မီဒီယာသမားေတြကို တရားစြဲတာ၊ ဖမ္းဆီးတာမ်ဳိးေတြကို တားဆီးေပးဖို႔အတြက္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ႏိုင္ငံေတာ္သမၼတတို႔ဆီကို အေၾကာင္းၾကားတဲ့သေဘာ ျဖစ္ပါတယ္’’ ဟု ေျပာသည္။

အၾကမ္းဖက္မႈတိုက္ဖ်က္ ေရးဥပေဒျဖင့္ အမႈဖြင့္၊ တရားစြဲဆိုကာ ဖမ္းဆီးခံထားရေသာ သတင္းမီဒီယာမ်ားမွ အယ္ဒီတာခ်ဴပ္မ်ားအား ၎တို႔ရင္ဆိုင္ေနရေသာအမႈမ်ားမွ အျမန္ဆံုးရုပ္သိမ္းပယ္ဖ်က္ေပးရန္ႏွင့္ ယင္းသို႔ေဆာင္ရြက္မႈမ်ား ေရွ႕ဆက္မျဖစ္ေပၚေစေရးအတြက္ ဖက္ဒရယ္ဒီမိုကေရစီႏုိင္ငံသို႔ လွမ္းခ်ီေနေသာ အစိုးရတစ္ရပ္အေနျဖင့္ လူသားခ်င္း စာနာမႈအျပည့္ႏွင့္အတူ တားဆီးေပးႏုိင္ပါရန္ ေလးစားစြာျဖင့္ စာေရးေပးပို႔အပ္ပါသည္ ဟု BNI ၏ အိတ္ဖြင့္ေပးစာတြင္ ေဖာ္ျပထားသည္။

ရကၡိဳင့္တပ္ေတာ္ (AA) ေျပာခြင့္ရပုဂၢိဳလ္ ဦးခိုင္သုခႏွင့္ ဆက္သြယ္ေမးျမန္းခ်က္မ်ားကို ထုတ္လႊင့္ခဲ့သည္ ဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္ ရခိုင္ျပည္နယ္အေျခစိုက္ BNI အဖြဲ႔၀င္သတင္းဌာနတစ္ခုျဖစ္သည့္ နိရဥၨရာသတင္းဌာနမွ အယ္ဒီတာခ်ဴပ္ ဦးခိုင္ျမတ္ေက်ာ္ႏွင့္ ရန္ကုန္ေခတ္သစ္သတင္းဌာန၏ အယ္ဒီတာခ်ဴပ္ ကိုသာလြန္ေဇာင္းထက္ (ခ) လိႈင္းသစ္ဇင္ေ၀တို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ မတ္လ (၃၁) ရက္ေန႔က သက္ဆိုင္ရာရဲစခန္းတို႔မွ အမႈဖြင့္တရားစြဲဆိုခဲ့ၾကသည္။

ဦးခိုင္ျမတ္ေက်ာ္သည္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ (MPC) ၏ အဖြဲ႔၀င္တစ္ဦးျဖစ္သကဲ့သုိ႔ ဘီဘီစီျမန္မာပိုင္းတြင္လည္း အလုပ္လုပ္ကိုင္ေနသူျဖစ္ၿပီး သတင္းဌာနအဖြဲ႔၀င္ (၁၆) ဖြဲ႔ျဖင့္ ဖြဲ႔စည္းထားသည့္ BNI ၏ မူ၀ါဒေရးရာေကာ္မတီ အဖြဲ႔၀င္တစ္ဦးလည္းျဖစ္သည္။

၎ကိုတရားစြဲဆိုသည့္ ညေနပိုင္းတြင္ စစ္ေတြၿမိဳ႕ရွိ နိဥၨရာသတင္းဌာနမွ အႀကီးတန္း သတင္းေထာက္ (၃) ဦး ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရေသာ္လည္း စစ္ေဆးေမးျမန္းၿပီးေနာက္ ရဲစခန္းက ျပန္လႊတ္ေပးလိုက္သည္ဟု သိရသည္။

ကိုသာလြန္ေဇာင္းထက္သည္ ယခုလက္ရွိတြင္ ျမန္မာႏုိ္င္ငံသတင္းမီဒီယာေကာင္စီ၏ တြဲဖက္အတြင္းေရးမွဴး (၂) တာ၀န္ယူထားသူတစ္ဦးျဖစ္သည္။

အလားတူ ၿပီးခဲ့သည့္ မတ္လ (၃၀) ရက္ေန႔ကလည္း မႏၱေလးၿမိဳ႕အေျခစိုက္ Voice of Myanmar (VOM) အယ္ဒီတာခ်ဴပ္ ကိုေနမ်ဴိ္းလင္း (ခ) ကိုေနလင္းကို ရကၡိဳင့္တပ္ေတာ္ (AA) ေျပာခြင့္ရပုဂၢိဳလ္ ဦးခိုင္သုခႏွင့္ ဆက္သြယ္ေမးျမန္းခ်က္မ်ားကို ထုတ္လႊင့္ျခင္းေၾကာင့္ဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္ဖမ္းဆီးကာ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ (၅၀) က၊ (၅၂) က တို႔ျဖင့္ တရားစြဲဆိုၿပီး မႏၱေလးတိုင္းေဒသႀကီးရဲစခန္းတြင္ထိန္းသိမ္းထားျခင္းခံရသည္။

ထို႔အတူ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ေမလ ၁ ရက္ေန႔ကလည္း BNI ၏ အဖြဲ႔၀င္မီဒီယာအဖြဲ႔အစည္းတစ္ခုျဖစ္သည့္ Development Media Group (DMG)၏ အယ္ဒီတာခ်ဴပ္ ကိုေအာင္မင္းဦးႏွင့္ အျခားတာ၀န္ရွိသူမ်ားကိုစစ္ေတြၿမိဳ႕ အထူးသတင္းတပ္ဖြဲ႔ (SB) က မတရားအသင္းဆက္သြယ္မႈဥပေဒပုဒ္မ (၁၇/၂) ျဖင့္ စစ္ေတြအမွတ္ (၁) ရဲစခန္းတြင္ ယေန႔ခ်ိန္ထိ အမႈဖြင့္ထားဆဲျဖစ္သည္ဟု သိရသည္။

BNI ၏ မူ၀ါဒေရးရာေကာ္မတီဥကၠဌ မနန္းေဖာ့ေဂက “သတင္းမီဒီယာေတြအေနနဲ႔ သတင္းကို ေရးသားေဖာ္ျပဖို႔ရာမွာ ဘက္မွ်မႈရွိေအာင္ သတင္းသမားေတြရဲ႕ လုပ္ထံုးလုပ္နည္းအတိုင္း ဆက္သြယ္ေမးျမန္ရပါတယ္။ ႏိုင္ငံတကာမွာလည္း အလားတူပါပဲ၊ အခုက အစိုးရက မတ္လ (၂၃) ရက္မွာ မတရားအသင္း အျဖစ္ ေၾကညာလိုက္တဲ့ AA အဖြဲ႔ကို ဆက္သြယ္မိလို႔ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲတာမ်ဳိးထက္ သတိေပးမႈ၊ ညႇိႏိႈင္းမႈအဆင့္ေတြနဲ႔ သတင္းမီဒီယာေကာင္စီကတဆင့္ ေဆာင္ရြက္ေစခ်င္ပါတယ္’’ ဟု ေျပာသည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္တို႔တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည့္ United League of Arakan(ULA), Arakan Army(AA) လက္နက္ကိုင္တပ္ဖြဲ႔ကို မတရားအသင္းႏွင့္ အၾကမ္းဖက္အဖြဲ႔အျဖစ္ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က မတ္လ (၂၃) ရက္ေန႔က ေၾကညာခဲ့သည္။

ယခုအခ်ိန္သည္ တစ္ကမၻာလံုးက ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ေၾကာင့္ စိုးရိမ္ထိတ္လန္႔ကာ ေစာင့္ၾကည့္စစ္ေဆး၊ ထန္းခ်ဴပ္ေရးလုပ္ေဆာင္မႈမ်ားကို ႏုိင္ငံအသီးသီးကလုပ္ေဆာင္ေနၾကသလို ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က ႏုိင္ငံသူႏုိင္ငံသားမ်ားအား ပညာေပးမႈမ်ား၊ သတိေပးစကားမ်ားေျပာၾကားလ်က္ရွိကာ Covid-19 ေရာဂါကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဴပ္ႏုိင္ေရးအတြက္ ပညာေပးရာတြင္ ႏုိ္င္ငံအတြင္းရွိ သတင္းမီဒီယာမ်ား၏ အခန္းက႑သည္လည္း အလြန္အေရးႀကီးလွသည္ဟု BNI ၏ေပးစာတြင္ေဖာ္ျပထားသည္။

“မွန္ကန္တိက်ခိုင္မာသည့္ သတင္းအခ်က္မ်ားကို အသိေပးမႈ၊ ပညာေပးမႈအားျဖင့္ အားႀကိဳးမာန္တက္ လုပ္ကိုင္ေနၾကသည့္ မီဒီယာသမားမ်ား၏ ရုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာလံုျခံဳေရးမွာ လြန္စြာလိုအပ္လ်က္ရွိၿပီး သတင္းမီဒီယာသမားမ်ားသည္ တိုင္းျပည္တြင္ ရာဇ၀တ္မႈကို က်ဴးလြန္ေနၾကသူမ်ားမဟုတ္ၾကပါ” ဟု အဆိုပါအိတ္ဖြင့္ေပးစာတြင္ေဖာ္ ျပထားသည္။

Burma News International – BNI ကို ျမန္မာနိုင္ငံအေနာက္ဘက္ နယ္စပ္ေဒသမ်ားျဖစ္ေသာ ျမန္မာ-ဘဂၤလားေဒရွ္႕၊ ျမန္မာ-အိႏိၵယနယ္စပ္မ်ားတြင္ အေျချပဳသည့္ မီဒီယာအဖြဲ႔အစည္းေလးခု Mizzima , Narinjara, Kaladan Press Network ႏွင့္ Khonumthung News တို႔မွ ၂၀၀၃ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ၊ ကလကတၱားၿမိဳ႕တြင္ စတင္တည္ေထာင္ခဲ့ၾကၿပီး ယခုလက္ရွိတြင္ အဖြဲ႔၀င္တိုင္းရင္းမီဒီယာစုစုေပါင္း (၁၆) ဖြဲ႔ရွိၿပီျဖစ္သည္။

#Unicode

တိုင်းရင်းသား သတင်းဌာနတစ်ခုအပါအဝင် ပြည်မအခြေစိုက် သတင်းဌာန (၂) ခုတို့မှ အယ်ဒီတာချူပ် (၃) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည့်အမှုကို အမြန်ဆုံးပြန်လည်ရုပ်သိမ်း ပယ်ဖျက်ပေးရန် နိ်ုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူပြီး Burma News International (BNI) က အိပ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီလ (၂) ရက်နေ့ကပေးပို့လိုက်သည်။

Burma News International (BNI) ၏ မူဝါဒရေးရာကော်မတီဥက္ကဌ နန်းဖော့ဂေက “ကျမတို့ BNI အနေနဲ့ ဒီမတ်လအကုန် ဧပြီလအကူးလေးမှာ သတင်းဌာနတွေရဲ့ အယ်ဒီတာချုပ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒနဲ့ ရင်ဆိုင်နေရတာကို နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတက လစ်လျူရှုမထားဖို့၊ ပြန်လည်ထိန်းညှိဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခုလိုအိတ်ဖွင့်ပေးစာ ပို့ရတာဖြစ်ပါတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့ ကျမတို့နိုင်ငံမှာ အရပ်သားအစိုးရအနေနဲ့ မီဒီယာသမားတွေကို တရားစွဲတာ၊ ဖမ်းဆီးတာမျိုးတွေကို တားဆီးပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ဆီကို အကြောင်းကြားတဲ့သဘော ဖြစ်ပါတယ်’’ ဟု ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်၊ တရားစွဲဆိုကာ ဖမ်းဆီးခံထားရသော သတင်းမီဒီယာများမှ အယ်ဒီတာချူပ်များအား ၎င်းတို့ရင်ဆိုင်နေရသောအမှုများမှ အမြန်ဆုံးရုပ်သိမ်းပယ်ဖျက်ပေးရန်နှင့် ယင်းသို့ဆောင်ရွက်မှုများ ရှေ့ဆက်မဖြစ်ပေါ်စေရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ လှမ်းချီနေသော အစိုးရတစ်ရပ်အနေဖြင့် လူသားချင်း စာနာမှုအပြည့်နှင့်အတူ တားဆီးပေးနိုင်ပါရန် လေးစားစွာဖြင့် စာရေးပေးပို့အပ်ပါသည် ဟု BNI ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်များကို ထုတ်လွှင့်ခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်အခြေစိုက် BNI အဖွဲ့ဝင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္ဇရာသတင်းဌာနမှ အယ်ဒီတာချူပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချူပ် ကိုသာလွန်ဇောင်းထက် (ခ) လှိုင်းသစ်ဇင်ဝေတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ (၃၁) ရက်နေ့က သက်ဆိုင်ရာရဲစခန်းတို့မှ အမှုဖွင့်တရားစွဲဆိုခဲ့ကြသည်။

ဦးခိုင်မြတ်ကျော်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ ဘီဘီစီမြန်မာပိုင်းတွင်လည်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သတင်းဌာနအဖွဲ့ဝင် (၁၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် BNI ၏ မူဝါဒရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၎င်းကိုတရားစွဲဆိုသည့် ညနေပိုင်းတွင် စစ်တွေမြို့ရှိ နိဉ္ဇရာသတင်းဌာနမှ အကြီးတန်း သတင်းထောက် (၃) ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော်လည်း စစ်ဆေးမေးမြန်းပြီးနောက် ရဲစခန်းက ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ကိုသာလွန်ဇောင်းထက်သည် ယခုလက်ရှိတွင် မြန်မာနိ်ုင်ငံသတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၂) တာဝန်ယူထားသူတစ်ဦးဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့ကလည်း မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) အယ်ဒီတာချူပ် ကိုနေမျိူ်းလင်း (ခ) ကိုနေလင်းကို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်များကို ထုတ်လွှင့်ခြင်းကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀) က၊ (၅၂) က တို့ဖြင့် တရားစွဲဆိုပြီး မန္တလေးတိုင်းဒေသကြီးရဲစခန်းတွင်ထိန်းသိမ်းထားခြင်းခံရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မေလ ၁ ရက်နေ့ကလည်း BNI ၏ အဖွဲ့ဝင်မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Development Media Group (DMG)၏ အယ်ဒီတာချူပ် ကိုအောင်မင်းဦးနှင့် အခြားတာဝန်ရှိသူများကိုစစ်တွေမြို့ အထူးသတင်းတပ်ဖွဲ့ (SB) က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ (၁၇/၂) ဖြင့် စစ်တွေအမှတ် (၁) ရဲစခန်းတွင် ယနေ့ချိန်ထိ အမှုဖွင့်ထားဆဲဖြစ်သည်ဟု သိရသည်။

BNI ၏ မူဝါဒရေးရာကော်မတီဥက္ကဌ မနန်းဖော့ဂေက “သတင်းမီဒီယာတွေအနေနဲ့ သတင်းကို ရေးသားဖော်ပြဖို့ရာမှာ ဘက်မျှမှုရှိအောင် သတင်းသမားတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွယ်မေးမြန်ရပါတယ်။ နိုင်ငံတကာမှာလည်း အလားတူပါပဲ၊ အခုက အစိုးရက မတ်လ (၂၃) ရက်မှာ မတရားအသင်း အဖြစ် ကြေညာလိုက်တဲ့ AA အဖွဲ့ကို ဆက်သွယ်မိလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာမျိုးထက် သတိပေးမှု၊ ညှိနှိုင်းမှုအဆင့်တွေနဲ့ သတင်းမီဒီယာကောင်စီကတဆင့် ဆောင်ရွက်စေချင်ပါတယ်’’ ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် United League of Arakan(ULA), Arakan Army(AA) လက်နက်ကိုင်တပ်ဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတ်လ (၂၃) ရက်နေ့က ကြေညာခဲ့သည်။

ယခုအချိန်သည် တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် စိုးရိမ်ထိတ်လန့်ကာ စောင့်ကြည့်စစ်ဆေး၊ ထန်းချူပ်ရေးလုပ်ဆောင်မှုများကို နိုင်ငံအသီးသီးကလုပ်ဆောင်နေကြသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံသူနိုင်ငံသားများအား ပညာပေးမှုများ၊ သတိပေးစကားများပြောကြားလျက်ရှိကာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပညာပေးရာတွင် နိ်ုင်ငံအတွင်းရှိ သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးလှသည်ဟု BNI ၏ပေးစာတွင်ဖော်ပြထားသည်။

“မှန်ကန်တိကျခိုင်မာသည့် သတင်းအချက်များကို အသိပေးမှု၊ ပညာပေးမှုအားဖြင့် အားကြိုးမာန်တက် လုပ်ကိုင်နေကြသည့် မီဒီယာသမားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးမှာ လွန်စွာလိုအပ်လျက်ရှိပြီး သတင်းမီဒီယာသမားများသည် တိုင်းပြည်တွင် ရာဇဝတ်မှုကို ကျူးလွန်နေကြသူများမဟုတ်ကြပါ” ဟု အဆိုပါအိတ်ဖွင့်ပေးစာတွင်ဖော် ပြထားသည်။

Burma News International – BNI ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေရှ့်၊ မြန်မာ-အိန္ဒိယနယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်းလေးခု Mizzima , Narinjara, Kaladan Press Network နှင့် Khonumthung News တို့မှ ၂၀ဝ၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်တည်ထောင်ခဲ့ကြပြီး ယခုလက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းမီဒီယာစုစုပေါင်း (၁၆) ဖွဲ့ရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.