Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အလှူရှင်နည်းပါးလာမှုကြောင့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်များအခက်ခဲဖြစ်လာ

အလှူရှင်နည်းပါးလာမှုကြောင့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်များအခက်ခဲဖြစ်လာ

0
By Editor on December 15, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီတဲ့အလှူရှင်တွေ နည်းပါးလာတာကြောင့် စစ်ဘေးရှောင်ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ခန့်ခိုလှုံနေပြီး အစောပိုင်းကာလမှာ အလှူရှင်တွေများပေမဲ့ အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တစ်ခုတည်းကိုသာ အားထားနေရတယ်လို့ ဆမီးမြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဆမီးမြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက “အရင်တုန်းကတော့ အဖွဲ့အစည်းစုံစုံလင်လင်နဲ့ရှိပါတယ်။ အခုနောက်ပိုင်းကျတော့ လာချင်ရင်တောင်မှ မလာနိုင်တဲ့အနေအထားရှိတဲ့အခါမှာ အလှူရှင်တွေက သိပ်မရှိတော့ဘူး။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုကို တစ်ဆင့်ဖြန့်ဝေပေးတာ ဆမီးနဲ့ပလက်ဝက အတူတူပဲ။ ရိက္ခာတင်လို့ရတဲ့အခါမှာကျ ဆန်၊ ပဲ၊ ဆီ၊ ဆား၊ အာဟာရ ပုံမှန် လစဉ်လတိုင်းပေးတယ်။ အခုနောက်ပိုင်းကျတော့ ပြတ်တောက်ပြတ်တောက်ဖြစ်လို့ ဆန်လည်းတင်လို့မရတဲ့အနေအထားလည်းရှိတဲ့အခါမှာ အခက်အခဲတော့ကြုံတာပေါ့။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး ဒီနှစ် နိုဝင်ဘာလဆန်းပိုင်းအထိ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝမြို့နယ်ထဲက ကျေးရွာ/ကျေးလက်ဒေသက ပြည်သူတွေဟာ ဆမီးမြို့နဲ့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

ဆမီးမြို့နဲ့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က လူတစ်ဦးကို ဆန်နို့ဆီဘူး ၅၄ ဘူး၊ ဆီ ၁ ဘူး၊ ပဲ၊ ဆား အပါအဝင် ၅ နှစ်အောက်ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရမှုန့်တွေ ထောက်ပံ့ကူညီလေ့ရှိတယ်လို့ သိရပါတယ်။

ပလက်၀မြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦး “အခုဒီဇင်ဘာလအထိတော့ မရှိတော့ဘူးပေါ့။ ဒါလည်းပဲ အထက်ကိုတင်ပြခဲ့တယ်။ အဆင်ပြေလိမ့်မယ် ထင်တာပဲ။ ဒီဇင်ဘာလအထိက ပံ့ပိုးမယ်ဆိုတာရှိပြီးသား။ လုံခြုံရေးအရမရောက်နိုင်လို့ပဲ။ အခု AA နဲ့လည်း ခဏအပစ်ခတ်ရပ်စဲထားတယ်ဆိုတော့ လာလိမ့်မယ်လို့ မျှော်လင့်တာပဲ။” လို့ ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ ဝိသုတာရုံဘုန်းကြီးကျောင်း၊ RC ဘုရားကျောင်း၊ ဘောလုံးကွင်း၊ အ.ထ.က (၁)၊ စိုက်ပျိုးရေးဌာနခြံဝင်း-ဆိုတဲ့ စစ်ဘေးရှောင်စခန်း (၅) ခုမှာ စစ်ဘေးရှောင်ပြည်သူ ၆,၀၀၀ ခန့် ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

တချို့မှာလည်း မြို့ပေါ်ရပ်ကွက်တွေက ဆွေမျိုးဆီမှာ နေထိုင်ကြတာရှိသလို အိမ်ငှားပြီးနေထိုင်ကြတာလည်းရှိတယ်လို့ သိရပါတယ်။

ဆမီးမြို့မှာလည်း စစ်ဘေးရှောင်စခန်း၊ ဆွေမျိုးအိမ်နဲ့ အိမ်ငှားပြီးနေထိုင်သူ စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.