Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်နိုင်ရန် Chinland Defense Force ဖွဲ့စည်း

အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်နိုင်ရန် Chinland Defense Force ဖွဲ့စည်း

0
By Editor on April 26, 2021 Khonumthung
Benezer – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒေဖာ်ထုတ်သူများ၊ CDM ဝန်ထမ်းများ၊ အပြင်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းခြင်း၊ နှောက်ယှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ် (၉) မြို့နယ်နှင့် ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများမှ Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
“ကျနော်တို့ အဖွဲ့ဖွဲ့တာက ဧပြီလ ၄ ရက်ကတည်းက ဖွဲ့ပြီးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးအကြောင့် မကြေညာဖြစ်သေးတာပါ၊ ဒီအဖွဲ့က တပ်မတော်(Army) ပုံစံမျိုးနဲ့ သွားမှာမဟုတ်ဘူး၊ အဓိကတော့ တော်လှန်ရေးကာလမှာ ပြည်သူ့လုံခြုံရေးကို နှောက်ယှက်တာတွေ အကြမ်းဖက်တာတွေကို ကာကွယ်သွားဖို့ ဖွဲ့တာဖြစ်ပါတယ်၊ CDM လုပ်တဲ့သူတွေကို နှောက်ယှက်တဲ့သူတွေ၊ သတင်းပေးတဲ့ ဒလံတွေကို အဓိကထားပြီးတော့ စီရင်တာတွေလုပ်သွားမှာပါ” ဟု Chinland Defense Force အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
CDF မှ အာဏာသိမ်းသည့် စစ်ကောင်စီအား လုံးဝလက်မခံ အသိမှတ်မပြုအကြောင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ်သာ သတ်မှတ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းအရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ချင်းအက်ဥပဒေနှင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထားသည်။
CDF အဖွဲ့ဝင်တစ်ဦးမှ “ကျနော်တို့အဖွဲ့အနေနဲ့က ချင်းပြည်နယ် ကိုးမြို့နယ်လုံးကို အခြေခံပြီးဖွဲ့စည်းထားတာဖြစ်တယ်၊ ခေါင်းဆောင်လည်းမရှိဘူး၊ အဖွဲ့ဝင်အကုန်လုံး ပူးပေါင်းပြီး လှုပ်ရှားသွားမှာပါ၊ ပြီးတော့ ဒီအဖွဲ့က တော်လှန်ရေးကာလ အတွက်ပဲဖြစ်တယ်၊ တော်လှန်ရေးကာလပြီးသွားရင် ပြန်ဖျက်သိမ်းသွားမှာပါ” ဟု ပြောသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ချင်းလဲန်းဒေသရှိ ပြည်သူများအား အမြန်ဆုံးလွတ်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက CDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား နည်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.