• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်နိုင်ရန် Chinland Defense Force ဖွဲ့စည်း

အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်နိုင်ရန် Chinland Defense Force ဖွဲ့စည်း

0
By Editor on April 26, 2021 Khonumthung
Benezer – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒေဖာ်ထုတ်သူများ၊ CDM ဝန်ထမ်းများ၊ အပြင်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းခြင်း၊ နှောက်ယှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ် (၉) မြို့နယ်နှင့် ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများမှ Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
“ကျနော်တို့ အဖွဲ့ဖွဲ့တာက ဧပြီလ ၄ ရက်ကတည်းက ဖွဲ့ပြီးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးအကြောင့် မကြေညာဖြစ်သေးတာပါ၊ ဒီအဖွဲ့က တပ်မတော်(Army) ပုံစံမျိုးနဲ့ သွားမှာမဟုတ်ဘူး၊ အဓိကတော့ တော်လှန်ရေးကာလမှာ ပြည်သူ့လုံခြုံရေးကို နှောက်ယှက်တာတွေ အကြမ်းဖက်တာတွေကို ကာကွယ်သွားဖို့ ဖွဲ့တာဖြစ်ပါတယ်၊ CDM လုပ်တဲ့သူတွေကို နှောက်ယှက်တဲ့သူတွေ၊ သတင်းပေးတဲ့ ဒလံတွေကို အဓိကထားပြီးတော့ စီရင်တာတွေလုပ်သွားမှာပါ” ဟု Chinland Defense Force အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
CDF မှ အာဏာသိမ်းသည့် စစ်ကောင်စီအား လုံးဝလက်မခံ အသိမှတ်မပြုအကြောင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ်သာ သတ်မှတ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းအရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ချင်းအက်ဥပဒေနှင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထားသည်။
CDF အဖွဲ့ဝင်တစ်ဦးမှ “ကျနော်တို့အဖွဲ့အနေနဲ့က ချင်းပြည်နယ် ကိုးမြို့နယ်လုံးကို အခြေခံပြီးဖွဲ့စည်းထားတာဖြစ်တယ်၊ ခေါင်းဆောင်လည်းမရှိဘူး၊ အဖွဲ့ဝင်အကုန်လုံး ပူးပေါင်းပြီး လှုပ်ရှားသွားမှာပါ၊ ပြီးတော့ ဒီအဖွဲ့က တော်လှန်ရေးကာလ အတွက်ပဲဖြစ်တယ်၊ တော်လှန်ရေးကာလပြီးသွားရင် ပြန်ဖျက်သိမ်းသွားမှာပါ” ဟု ပြောသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ချင်းလဲန်းဒေသရှိ ပြည်သူများအား အမြန်ဆုံးလွတ်ပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက CDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား နည်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.