• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အာဏာသိမ်းစစ်ကောင်စီက ၃ လအတွင်း ကလေး ၇၀ ကျော်သတ်ဖြတ်ဟု NUG ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ၃ လအတွင်း ကလေး ၇၀ ကျော်သတ်ဖြတ်ဟု NUG ထုတ်ပြန်

0
By Editor on May 26, 2021 Khonumthung

အာဏာသိမ်းစစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ သုံးလအတွင်း အသက် ၁၈ နှစ်အောက်ကလေး ၇၃ ဦးသတ်ဖြတ်ခဲ့သည်ဟု အမျိူးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်သည်။

အမျိူးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ စာရင်းအရ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၆၃ ဦး နှင့် အမိန်းကလေး ၉ ဦးတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သည် လမ်းမပေါ်ဆန္ဒထုတ်ဖော်ရင်း၊ အိမ်ထဲနေရင်းနှင့် အိမ်ပြင်မှာကစားနေရင်းနှင့် သေနတ်ထိမှန်ပြီးသေဆုံးခဲ့ကြ ရသည်ဟု NUG ကပြောသည်။

ယခုထုတ်ပြန်သည့် သေဆုံးမှုစာရင်းတွင် အာဏာသိမ်းစစ်ကောင်စီက တစ်မြို့လုံးပစ်မှတ်ထားချေမှုန်းတိုက်ခိုက်ခံထားရ သော မင်းတပ်၊ ကနီ နှင့် ဒီမောဆိုစသည့်ဒေသက သေဆုံးစာရင်းမပါသေးကြောင်း၊ မိုးမောက်မြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ်ကလေးတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးမှုရှိသည်ဟု စာရင်းထပ်ရရှိထားကြောင်း NUG ကထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.