• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အာသံရိုင်ဖယ်တပ်က မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

အာသံရိုင်ဖယ်တပ်က မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

0
By Editor on December 5, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အာသံရိုင်ဖယ်တပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ရှာဟာခရိုင် တွီပန်းကျေးရွာဘက်တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မည်ဟု တိကျသောသတင်းအချက်အလက် ရရှိမှုအပေါ်အခြေခံ၍ အာသံရိုင်ဖယ်နှင့် တွီပန်းရဲတပ်ဖွဲ့တို့သည် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ဆင်ရေးတရပ်ဆောင်ရွက်ရာတွင် ထိုကဲ့သို့ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။

တွီပန်းစစ်ဆေးဂိတ်ကို ကင်ဘိုဆိုင်ကယ် ၃ စီးဖြင့် ရှောင်ကွင်းရန်ကြိုးစား၍ မောင်းနှင်လာသော အဆိုပါမြန်မာနိုင်ငံသား ၄ ဦးကို ရပ်တန့်စစ်ဆေးရာတွင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံ ရိုင်ဖယ်တပ်ဖွဲ့ကဆိုသည်။

မြန်မာနိုင်ငံသား ၄ ဦးနှင့်အတူ ပွိုင့် ၂၂ ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်ဆံ၊ ပြောက်ကျားဝတ်စုံ၊ စစ်ဖိနပ်၊ အိုင်ကွန်နှင့် ယမ်းမှုန်တို့ ဖမ်းဆီးရမိခဲ့သည်ဟု အာသံရိုင်ဖယ်တပ်က ထုတ်ပြန်သည်။

၎င်းတို့ ၄ ဦးကို တွီပန်းရဲစခန်းသို့ လွဲပြောင်းခဲ့သည်ဟု သိရသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ်တွင် စစ်ဆေးရေးဂိတ်များထားရှိကာ လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း လက်နက်ခဲယမ်းများ မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.