Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

0
By Editor on January 23, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်မည့် စစ်ကောင်စီလေကြောင်းသည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀◌န်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းသည် လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

“Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေတော့ မသိရဘူး’’ ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ လေယာဉ်မှူးအပါအ၀င် အမှုထမ်း ၁၄ အနက် ၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည် သိရသည်။

Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.