Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

0
By Editor on January 23, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်မည့် စစ်ကောင်စီလေကြောင်းသည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀◌န်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းသည် လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

“Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေတော့ မသိရဘူး’’ ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ လေယာဉ်မှူးအပါအ၀င် အမှုထမ်း ၁၄ အနက် ၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည် သိရသည်။

Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကလေးမြို့နယ်က ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

နယူး‌ဒေလီမြို့တွင် ချင်းညီအစ်ကိုအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြပွဲ ပြုလုပ်

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.