Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ထဲတွင် (၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အပြစ်မဲ့ပြည်သူ ၁၇၀ နီးပါးသေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ထဲတွင် (၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အပြစ်မဲ့ပြည်သူ ၁၇၀ နီးပါးသေဆုံး

0
By Editor on January 12, 2026 Khonumthung

(002MG)

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်ထဲမှာ အာဏာသိမ်း(၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကျုးလွန်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၆၉) ဦးသေဆုံးခဲ့ပြီး မတရားဖမ်းဆီးခံရသူ (၁၉၈) ဦးအထိရှိခဲ့သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) မှ အစီရင်ခံစာထုတ်ပြန်သည်။

ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးသည် အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေ သည့် တိုက်ပွဲများအကြား ဒေသခံပြည်သူများကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသအခြေအနေများ နှင့် အထူးသဖြင့် အမျိုးသမီးများကြုံတွေ့နေရသော အခက်အခဲများတင်ပြထားသည့် ၄ လတစ်ကြိမ်ထုတ်ဝေသော အစီရင်ခံစာကို ဇန်နဝါရီ ၁၀ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

“ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အနေနဲ့ ကျမတို့ဒေသမှာရှိတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အခြားသောကိစ္စရပ်တွေပတ်သက်ပြီး ဒေသအခြေအနေအမြဲတမ်း (၄)လ တကြိမ် နယ်မြေအခြေအနေတွေကို စောင့် ကြည့်ပြီးမှ အမြဲတမ်းထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက ကူကီးလူမျိုးတွေ နဲ့ ကူကီးဒေသမှာနေထိုင်နေတဲ့ပြည်သူ တွေ လည်း ဘယ်လို ထိခိုက်ခံစားနေရတယ်ဆိုတဲ့ဟာ တစ်ကမ္ဘာလုံးသိအောင် ကျမတို့ကြားခံပြီးမှ လုပ်တာဖြစ်ပါတယ်။ နောက်တခုက နောင်တချိန်ချိန်မှာ တရားမျှတမှုနဲ့ ပတ်သက်ပြီး စကားပြောရတဲ့အချိန်ကျရင် ထိခိုက်ခံစားရတဲ့သူ တွေက ဒီအတိုင်းထိခိုက်ခံစား ရပြီးမှ ပြီးသွားတာမဟုတ်ပဲ ပြန်လည်ကုစားမှုအပိုင်းမှာလည်း ကျမတို့ တရားမျှတမှု တွေလည်း လိုချင်တဲ့ အတွက် အချက်အလက်တွေကောက်တယ်၊ ထုတ်ပြန်တယ် အချက်အလက် သိမ်းဆည်းတာတွေ လည်း လုပ်ဆောင်တယ်” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ တာဝန်ရှိသူ မ Boinu ကပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ စစ်ရေးပဋိပက္ခကြောင့် ဒေသအတွင်း လူဦးရေ (၂၄,၈၀၀) ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ကြရပြီး စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သတ်ဖြတ် ခြင်းနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့များ၏ မတရားဖမ်းဆီး ရိုက်နှက် သတ်ဖြတ်မှုများအပြင် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူ (၁၆၉) ဦး သေဆုံးခဲ့ရသည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်နှင့် ပျူစောထီးတွေကြောင့် သေဆုံးသူတွေဟာ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကလေးငယ် ၁၅ နှင့် ကျား/မ အတည်ပြု၍မရသူ ၃၂ ဦးတို့ကြပါတယ်။

ထို့အပြင် အရပ်သားပြည်သူ (၁၄၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မတရားဖမ်းဆီးခံခဲ့ရသူ (၁၉၈)ဦး နှင့် ကျေးရွာပေါင်း (၂၀) မှ လူနေအိမ်နှင့် အဆောက် အဦး ပေါင်း (၁,၀၀၀) ကျော် ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာ (၄) လအတွင်း စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားသတ်ဖြတ်သေဆုံးသူ(၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦး၊ ဖမ်းဆီးခံရသူ (၂၂) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဆောက် အဦး ထိခိုက်ပျက်စီးမှု (၁၀) လုံး နှင့် စစ်ဘေးရှောင် လူဦးရေ (၁,၀၀၀) အထိရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်အများစုသည် အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက်မှာ ခိုလှုံနေကြကာ တချို့မှာ လယ်တောများ၊ စိုက်ခင်းများတွင် နေထိုင်ကြရပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ရေးများ ထိုးနှံခြင်း အပါအဝင် အရေးပေါ်ဆေးဝါးကုသရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများသည် တမူးမြို့အထက်ပိုင်း မြို့သစ်မြို့နယ်နှင့် တမူးအောက်ပိုင်း ခမ်းပတ်မြို့ နယ်အများစုအား ထိန်းချုပ်နိုင်ထားပြီး စစ်ကော်မရှင်တပ်သည် တမူးမြို့ပေါ်ရပ်ကွက်များနှင့် အခြားကျေးရွာအား ထိန်းချုပ်ထားသောကြောင့် လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.