Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

0
By Editor on August 21, 2026 Headline

ချင်းအမျိုးသားကောင်စီ (CNC) လမ်းကြောင်းဖြင့် ရှေ့ဆက်ကြိုးပမ်းရေး မျှော်လင့်ဟု ဆို

(006SV)

ချင်းတော်လှန်ရေးအင်အားစုများ ပြန်လည်သင့်မြတ်ရေးနှင့် ပေါင်းစည်းရေးအတွက် အိုင်ဇောလ် ချင်းငြိမ်းချမ်ရေး ညီလာခံမှာ ကနဦး တွေ့ဆုံမှုအဖြစ် Chin Peace and Reconciliation Initiative -CPRI သည် ချင်းလဲန်းကောင်စီ (CC) နှင့် ICNCC/ CB အဖွဲ့တို့ကို သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“Chin Peace and Reconciliation Initiative (CPRI) ကနေ ကျနော်တို့ ချင်းလဲန်းကောင်စီရယ်၊ ICNCC ရယ်ဆိုပြီး တွေ့ဆုံဖို့ဆိုတဲ့ လုပ်ငန်းစဉ်မှာ ICNCC နဲ့ ကျနော်တို့ တွေ့ဆုံတာမျိုး မဟုတ်သေးပဲနဲ့။ အခုကျနော်တို့ကို တွေ့ဆုံဖို့ ကမကထ ပြုပေးတဲ့ CPRI နဲ့ ချင်းလဲန်းကောင်စီနဲ့ သီးသန့်တွေ့သလို၊ CPRI က ICNCC နဲ့လည်း သပ်သပ် တွေ့ပါတယ်။ ကျနော်တို့ အဲဒီလို အဖွဲ့တွေ မျက်နှာ ချင်းဆိုင်တွေ့တာမျိုး မဟုတ်ပဲနဲ့ သီးခြားစီ တွေ့ပြီးတော့ သူတို့ သိချင်တာတွေ မေးမြန်းပြီး အဲဒီလိုမျိုးနဲ့ ညှိနှိုင်းမှုတွေ လုပ်တဲ့ ပွဲဖြစ်ပါတယ်” ဟု ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC/ CB) အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် “Chin Peace Summit 2026” ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည်ဟု သိရသည်။

CPRI နှင့် ချင်းလဲန်းကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုတွင် ချင်းစစ်ဘေးရှောင်နှင့် လူသားစာနာအကူအညီပေးရေးကို ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်ဖက်အပြန်အလှန် ပုတ်ခတ်ပြောဆိုမှု မပြုလုပ်ရေးနှင့် လာမည့် ဆွေးနွေးမှုများမှာ အဖွဲ့အစည်းတာဝန် ရှိသူများ စုံညီစွာ တက်ရောက်နိုင်ရေးအပါအဝင် အချက်အလက်တချို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

“CPRI က အခုမှ ကမကတ ပြုပြီး ပြန်လည်စေ့စပ်ရေး လုပ်ငန်းစဉ်ကို သယ်လာတာဆိုတော့ သူတို့ဘက်ကနေ သိချင်တာတွေ မေးမြန်းတာလောက်ပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အတူတူလုပ်နိုင်ဖို့ဆိုရင် ရှေ့ဆက် ညှိနှိုင်းနိုင်ဖို့ ဆိုရင် ကျနော်တို့နှစ်ဖက်က အပြန်အလှန် ပုတ်ခတ် ပြောဆိုမှုတွေကို နှစ်ဖက်ထိန်းသိမ်းပေးဖို့ ၊ နောက်ပြီး ပြည်သူတွေအတွက် လူသားစာနာအကူအညီ တွေကိုပါ လုပ်နိုင်ခဲ့ရင် နှစ်ဖက်မှာ အပြန်အလှန်ပြသနာတွေကို မဖြစ်ဖို့၊ ကြိုတင် ပြင်ဆင်ပြီး လုပ်ကြဖို့ အဲဒါတွေ CPRI ဆွေးနွေးညှိနှိုင်းထားတာ ရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းအင်အားစုတို့ သီးခြားစီ တွေ့ဆုံခဲ့ကြသော်လည်း ညစာစားပွဲအခမ်းအနားကို နှစ်ဖက်အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ အလွတ်သဘော တက်ရောက်ခဲ့သည်ဟု သိရသည်။

ချင်းငြိမ်းချမ်ရေးညီလာခံကို အမေရိကန်အခြေစိုက် Chin Peace and Reconciliation Initiative (CPRI) နှင့် မီဇိုရမ်ပြည်နယ် အစိုးရက ဖွဲ့စည်းပေးထားသော Advocacy Group for Peace, Mizoram တို့က ဦးဆောင်၍ ပူးပေါင်း ကျင်းပသည်ဟု သိရသည်။

ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလန်းကောင်စီ၊ ICNCC လမ်းကြောင်းမှ မဟုတ်ဘဲ ချင်းအမျိုးသားကောင်စီ (CNC) ဖြင့် ရှေ့ဆက် သွားနိုင်ရေးကိုလည်း မျှော်လင့်ထားကြောင်း သိရသည်။

“ကျနော်တို့ကတော့ ရှင်းရှင်းလေးပါ။ ICNCC ရယ်၊ CC ရယ် မဟုတ်ပဲနဲ့ CNC ဆိုပြီး အဲဒီလို CNC နာမည်နဲ့ ချင်းအရေးမှာ ဖော် ဆောင်ဖို့ဆိုပြီးတော့ သဘောထား ကျထားတာတော့ ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်အတိုင်း သွားနိုင်ဖို့ ကျနော်တို့က ဆက်လက် ကြိုးစားသွားမှာပါ။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အင်အားကောင်းကောင်းနဲ့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ပန်းတိုင် ရောက်ရှိဖို့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်သွားမှာပါ။ အဲဒါမှလည်း ကျနော်တို့ ချင်းလူမျိုးတွေ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်း ချက်ကို ရောက်ရှိနိုင်မှာ ဖြစ်တဲ့အတွက် ပံ့ပိုးပေးကြဖို့ကိုလည်း ပြည်သူတွေကို တောင်းဆိုလိုပါတယ်” ဟု ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းငြိမ်းချမ်းရေးညီလာခံကို ချင်းလဲန်းကောင်စီ (CC) မှ ညှိနှိုင်ရေးအဖွဲ့ ခေါင်းဆောင် CC ဒုဥက္ကဌ ဦးဆောင်၍ ထိပ်ပိုင်းခေါင်း ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ICNCC နှင့် ချင်းညီနောင် (CB) တို့မှ သဘာပတိအဖွဲ့ဝင်တချို့အပါအဝင် နိုင်ငံရေးနှင့် စစ်ရေးထပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရှိရပြီး ချင်းတောင်ပိုင်း CDF ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) တာဝန်ရှိသူများကို မတွေ့ရပေ။

Chin Peace Summit 2026 ကို မီဇိုရမ်ပြည်နယ်မှ ပြည်ထဲရေးဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မီဇိုးလူငယ်များအသင်း (CYMA) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ တက်ရောက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.