• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိႏိၵယေရာက္ ခ်င္းဒုကၡသည္မ်ားကို UNHCR က စားနပ္ရိကၡာတစ္ခ်ဴိ႕ေထာက္ပ့ံ

အိႏိၵယေရာက္ ခ်င္းဒုကၡသည္မ်ားကို UNHCR က စားနပ္ရိကၡာတစ္ခ်ဴိ႕ေထာက္ပ့ံ

0
By Editor on April 6, 2020 Khonumthung

#Zawgyi

အိႏိၵယတစ္ႏုိင္ငံလံုး Lockdown ခ်ထားျခင္းေၾကာင့္ စားဝတ္ေနေရးအခက္အခဲရင္ဆိုင္ေနၾကရသည့္ အိႏိၵယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ားကို ကမၻာ့ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး (UNHCR) က စားနပ္ရိကၡာတစ္ခ်ဴိ႕ ေထာက္ပ့ံေပးေနေၾကာင္းသိရသည္။

နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ားအနက္ ပထမသုတ္အေနျဖင့္ အိမ္ေျခ (၅၀၀) ကို ဧၿပီလ ၂ ရက္ေန႔ကစ၍ ဆန္၊ ဆီ၊ ပဲ စသည္တို႔ကို (UNHCR) မွ တာ၀န္ရွိသူမ်ားက ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ၿပီး ဒုကၡသည္မ်ားအားလံုးကို ေထာက္ပံ့ေပးႏုိင္ရန္အတြက္ ေနာက္ထပ္စာရင္းမ်ား ေကာက္ခံလ်က္ရွိေၾကာင္း နယူးေဒလီၿမိဳ႕မွ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) တာ၀န္ခံ Salai Cung Dawt ကေျပာသည္။

Chin Refugees in New Delhi, India

“အရင္က က်ေနာ္တို႕ ခ်င္းဒုကၡသည္ေခါင္းေဆာင္ေတြကို UN က စာရင္းေကာက္ခိုင္းထားတာရွိတယ္။ ဒီရက္ပိုင္း အတြင္းမွာ တကယ္စားဝတ္ေနေရးမွာ အခက္ရွိတဲ့စာရင္းကို ေကာက္ခံၾကတယ္။ စာရင္းေပးထားတဲ့အိမ္ေျခ ၅၀၀ နီးပါးရွိတယ္၊ အဲဒီ မိသားစု ၅၀၀ နီးပါးကို UN က ဧၿပီလ ၂ ရက္ေန႕ညေနပိုင္းကစၿပီး ရိကၡာေတြစေပးတယ္” ဟု ေျပာသည္။

UNHCR အေနျဖင့္ ခ်င္းဒုကၡသည္မ်ားကို တစ္အိမ္လ်င္ ဆန္ ၁၅ ေကဂ်ီ၊ ကုလားပဲ ၁ ေကဂ်ီ၊ ဆီ ၂ ထုတ္ႏႈန္းျဖင့္ ေထာက္ပံ့ေပးျခင္းျဖစ္သည္။

ခ်င္းဒုကၡသည္မ်ားသည္ တစ္ေနရာ၊ တစ္ရပ္ကြက္တည္းတြင္ ေနထိုင္ၾကသူမ်ားမဟုတ္သည့္အတြက္ ရိကၡာေပးေဝရာတြင္ အခ်ိန္ၾကန္႕ၾကာမႈမ်ားရွိေနေၾကာင္းႏွင့္ အရင္စာရင္းတြင္ မပါဝင္ေသးေသာ မိသားစုမ်ားကိုလည္း ျပန္လည္ျပဳစုၿပီး UN ကို တင္ျပသြားမည္ျဖစ္ေၾကာင္း Salai Cung Dawt ကေျပာသည္။

“စာရင္းေပးထားတဲ့ အိမ္ေျခ ၅၀၀ နီးပါးကို အရင္ကူညီၿပီး ေနာက္မွ စာရင္းမေပးေသးတဲ့ မိသားစုေတြကိုလည္း  ျပန္လည္ျပဳစုၿပီး UN ကို တင္ျပသြားမွာျဖစ္တယ္” ဟု ၎ကဆက္ေျပာသည္။  

ကမၻာတစ္လႊားျဖစ္ပြားေနေသာ ကိုရိုနာဗိုင္းရပ္စ္ Covid-19 ေရာဂါျပန္႔ပြားမႈမွ တားဆီးကာကြယ္ႏုိင္ရန္အတြက္ အိႏိၵယတစ္ႏုိင္ငံလံုးကို မတ္လ ၂၄ ရက္ေန႔ ညကစၿပီး ရက္ေပါင္း ၂၁ ရက္အထိ အိႏိၵယအစိုးရက Lockdown ခ်မွတ္ထားျခင္းျဖစ္သည္။

UNHCR ၏ စာရင္းမွတ္တမ္းအရ နယူးေဒလီတြင္ ခ်င္းဒုကၡသည္စုစုေပါင္း ၃၀၀၀ ခန္႔ရွိၿပီး ယင္းအနက္ ၂၉၀၀ ခန္႔သည္ ဒုကၡသည္အသိအမွတ္ျပဳကဒ္ ရရွိထားၿပီးသူမ်ားျဖစ္ၾကသည္။

#Unicode

အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေကြရသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စားနပ်ရိက္ခာတစ်ချိူ့ ထောက်ပံ့ပေးနေကြောင်းသိရသည်။

နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များအနက် ပထမသုတ်အနေဖြင့် အိမ်ခြေ (၅၀ဝ) ကို ဧပြီလ ၂ ရက်နေ့ကစ၍ ဆန်၊ ဆီ၊ ပဲ စသည်တို့ကို (UNHCR) မှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များအားလုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် နောက်ထပ်စာရင်းများ ကောက်ခံလျက်ရှိကြောင်း နယူးဒေလီမြို့မှ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ခံ Salai Cung Dawt ကပြောသည်။

“အရင်က ကျနော်တို့ ချင်းဒုက္ခသည်ခေါင်းဆောင်တွေကို UN က စာရင်းကောက်ခိုင်းထားတာရှိတယ်။ ဒီရက်ပိုင်း အတွင်းမှာ တကယ်စားဝတ်နေရေးမှာ အခက်ရှိတဲ့စာရင်းကို ကောက်ခံကြတယ်။ စာရင်းပေးထားတဲ့အိမ်ခြေ ၅၀ဝ နီးပါးရှိတယ်၊ အဲဒီ မိသားစု ၅၀ဝ နီးပါးကို UN က ဧပြီလ ၂ ရက်နေ့ညနေပိုင်းကစပြီး ရိက္ခာတွေစပေးတယ်” ဟု ပြောသည်။

UNHCR အနေဖြင့် ချင်းဒုက္ခသည်များကို တစ်အိမ်လျင် ဆန် ၁၅ ကေဂျီ၊ ကုလားပဲ ၁ ကေဂျီ၊ ဆီ ၂ ထုတ်နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။

ချင်းဒုက္ခသည်များသည် တစ်နေရာ၊ တစ်ရပ်ကွက်တည်းတွင် နေထိုင်ကြသူများမဟုတ်သည့်အတွက် ရိက္ခာပေးဝေရာတွင် အချိန်ကြန့်ကြာမှုများရှိနေကြောင်းနှင့် အရင်စာရင်းတွင် မပါဝင်သေးသော မိသားစုများကိုလည်း ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမည်ဖြစ်ကြောင်း Salai Cung Dawt ကပြောသည်။

“စာရင်းပေးထားတဲ့ အိမ်ခြေ ၅၀ဝ နီးပါးကို အရင်ကူညီပြီး နောက်မှ စာရင်းမပေးသေးတဲ့ မိသားစုတွေကိုလည်း  ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမှာဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။  

ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် အိန္ဒိယတစ်နိုင်ငံလုံးကို မတ်လ ၂၄ ရက်နေ့ ညကစပြီး ရက်ပေါင်း ၂၁ ရက်အထိ အိန္ဒိယအစိုးရက Lockdown ချမှတ်ထားခြင်းဖြစ်သည်။

UNHCR ၏ စာရင်းမှတ်တမ်းအရ နယူးဒေလီတွင် ချင်းဒုက္ခသည်စုစုပေါင်း ၃၀ဝ၀ ခန့်ရှိပြီး ယင်းအနက် ၂၉၀ဝ ခန့်သည် ဒုက္ခသည်အသိအမှတ်ပြုကဒ် ရရှိထားပြီးသူများဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.