• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိႏိၵယႏိုင္ငံ Noida ၿမဳိ႕တြင္ ခ်င္းလူမ်ဳိးအေယာက္ ၂၀ ခန္႔ေသာင္တင္ေန

အိႏိၵယႏိုင္ငံ Noida ၿမဳိ႕တြင္ ခ်င္းလူမ်ဳိးအေယာက္ ၂၀ ခန္႔ေသာင္တင္ေန

0
By Editor on May 6, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ကိုရိုနာဗိုင္းရပ္စ္ COVID-19 ေၾကာင့္ အိႏိၵယတစ္ႏိုင္ငံလံုးတြင္ Lockdown ခ်ထားသည့္အတြက္ နယူးေဒလီၿမိဳ႕အနီး တြင္တည္ရွိေသာ Noida ၿမဳိ႕တြင္ အလုပ္လုပ္ေနထိုင္ ေနၾကေသာ ခ်င္းလူမ်ဳိးလူငယ္ အေယာက္ ၂၀ ခန္႔ေသာင္တင္ေနၿပီး အကူအညီလို အပ္ေၾကာင္း သိရသည္။

အိႏိၵယႏိုင္ငံ Uttar Pradesh ျပည္နယ္တြင္တည္ရွိသည့္ Noida ၿမိဳ႕တြင္ ခ်င္းလူမ်ဳိးလူငယ္ အေယာက္ ၂၀ ခန္႔သည္ စားေသာက္ဆိုင္မ်ားတြင္အလုပ္လုပ္ကိုင္ေနၾကၿပီး Lockdown ေၾကာင့္ ဆိုင္မ်ားပိတ္ထားသည့္အတြက္ အလုပ္မရွိၾကေတာ့ဘဲ ေနအိမ္တစ္ခုတြင္ေသာင္တင္ေနၾကသည္ဟု နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္အေရး ေဆာင္းရြက္ေပးေနေသာ CHRO တာဝန္ခံ Salai Cung Dawt က ေျပာသည္။

“Noida မွာ အလုပ္လုပ္ေနတဲ့ ခ်င္းလူမ်ဳိးလူငယ္ အေယာက္ ၂၀ ေလာက္ရွိတယ္၊ က်န္းမာေရးလည္းမေကာင္းၾကဘူး၊ က်ေနာ္တို႕ကို လာေခၚပါဆိုၿပီး ဖုန္းခဏခဏဆက္ၾကတယ္။ အရင္တေခါက္ကေတာ့ Noida မွာရွိတဲ့ အမ်ဳိးသမီး တေယာက္ မျပန္ႏိုင္လို႕ North East police force ေတြကို အကူအညီေတာင္းေတာ့ ကားနဲ႕သြားေခၚၾကတယ္။ ယခုတေခါက္လည္း North East police force ကို အကူအညီထပ္ေတာင္းတယ္၊ ဒါေပမယ့္ သူတို႕ေနတဲ့ Noida ဟာ အျခားျပည္နယ္ျဖစ္ေနေတာ့ ျဖတ္သန္းခြင့္မေပးေတာ့ဘူးလို႕ ေျပာတယ္။ အခု Noida မွာရွိတဲ့ တာဝန္ရွိသူေတြကို စာေရးၿပီး အကူအညီေတာင္းခံသြားဖို႕ရွိတယ္’’ ဟု Salai Cung Dawt က ေျပာသည္။

COVID-19 ေၾကာင့္ အိႏိၵယတစ္ႏုိင္ငံလံုးကို ေမလ ၁၇ ရက္ေန႔အထိ Lockdown ထပ္တိုးလိုက္သည့္အတြက္ နယူးေဒလီၿမိဳ႕တြင္ရွိေနၾကသည့္ ခ်င္းဒုကၡသည္အမ်ားစုသည္လည္း အိမ္လခမေပးႏုိင္သည့္အခက္အခဲရင္ဆိုင္ေနၾက ရသည္ဟု ၎ကဆက္ေျပာသည္။

“စားဝတ္ေနေရးမွာလည္း အခက္ေတြ႕ၾကတယ္ဒါေပမယ့္ ေလာေလာဆယ္အိမ္လစာပိုင္းမွာ အခက္အခဲအေတာ္ေလးျဖ စ္ေနတယ္။ အိမ္ရွင္က အိမ္လစာေတာင္းတာေတြ ရွိေနၿပီ၊ မေပးႏိုင္ေတာ့ အခက္ေတြ႕တာေပါ့” ဟု Salai Cung Dawt ကေျပာသည္။

အိႏိၵယႏုိင္ငံ နယူးေဒလီၿမိဳ႕ရွိ ဒုကၡအတိေရာက္ေနၾကသည့္ ခ်င္းလူမ်ဴိးမ်ားကို မီဇိုရမ္ျပည္နယ္အစိုးရက ရူပီးေငြ (၅)သိန္း အကူအညီေပးရန္စီစဥ္ထားၿပီး ယေန႔ခ်ိန္ထိေတာ့ လက္ခံရရွိမႈမရွိၾကေသးေၾကာင္းသိရသည္။

#Unicode

By ရစ်ချက် – ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံးတွင် Lockdown ချထားသည့်အတွက် နယူးဒေလီမြို့အနီး တွင်တည်ရှိသော Noida မြို့တွင် အလုပ်လုပ်နေထိုင် နေကြသော ချင်းလူမျိုးလူငယ် အယောက် ၂၀ ခန့်သောင်တင်နေပြီး အကူအညီလို အပ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင်တည်ရှိသည့် Noida မြို့တွင် ချင်းလူမျိုးလူငယ် အယောက် ၂၀ ခန့်သည် စားသောက်ဆိုင်များတွင်အလုပ်လုပ်ကိုင်နေကြပြီး Lockdown ကြောင့် ဆိုင်များပိတ်ထားသည့်အတွက် အလုပ်မရှိကြတော့ဘဲ နေအိမ်တစ်ခုတွင်သောင်တင်နေကြသည်ဟု နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်အရေး ဆောင်းရွက်ပေးနေသော CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။

“Noida မှာ အလုပ်လုပ်နေတဲ့ ချင်းလူမျိုးလူငယ် အယောက် ၂၀ လောက်ရှိတယ်၊ ကျန်းမာရေးလည်းမကောင်းကြဘူး၊ ကျနော်တို့ကို လာခေါ်ပါဆိုပြီး ဖုန်းခဏခဏဆက်ကြတယ်။ အရင်တခေါက်ကတော့ Noida မှာရှိတဲ့ အမျိုးသမီး တယောက် မပြန်နိုင်လို့ North East police force တွေကို အကူအညီတောင်းတော့ ကားနဲ့သွားခေါ်ကြတယ်။ ယခုတခေါက်လည်း North East police force ကို အကူအညီထပ်တောင်းတယ်၊ ဒါပေမယ့် သူတို့နေတဲ့ Noida ဟာ အခြားပြည်နယ်ဖြစ်နေတော့ ဖြတ်သန်းခွင့်မပေးတော့ဘူးလို့ ပြောတယ်။ အခု Noida မှာရှိတဲ့ တာဝန်ရှိသူတွေကို စာရေးပြီး အကူအညီတောင်းခံသွားဖို့ရှိတယ်’’ ဟု Salai Cung Dawt က ပြောသည်။

COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံးကို မေလ ၁၇ ရက်နေ့အထိ Lockdown ထပ်တိုးလိုက်သည့်အတွက် နယူးဒေလီမြို့တွင်ရှိနေကြသည့် ချင်းဒုက္ခသည်အများစုသည်လည်း အိမ်လခမပေးနိုင်သည့်အခက်အခဲရင်ဆိုင်နေကြ ရသည်ဟု ၎င်းကဆက်ပြောသည်။

“စားဝတ်နေရေးမှာလည်း အခက်တွေ့ကြတယ်ဒါပေမယ့် လောလောဆယ်အိမ်လစာပိုင်းမှာ အခက်အခဲအတော်လေးဖြ စ်နေတယ်။ အိမ်ရှင်က အိမ်လစာတောင်းတာတွေ ရှိနေပြီ၊ မပေးနိုင်တော့ အခက်တွေ့တာပေါ့” ဟု Salai Cung Dawt ကပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဒုက္ခအတိရောက်နေကြသည့် ချင်းလူမျိူးများကို မီဇိုရမ်ပြည်နယ်အစိုးရက ရူပီးငွေ (၅)သိန်း အကူအညီပေးရန်စီစဉ်ထားပြီး ယနေ့ချိန်ထိတော့ လက်ခံရရှိမှုမရှိကြသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.