• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အေျခခံပညာအတန္းမ်ား ေက်ာင္းတက္ရက္တိုးျမင့္သတ္မွတ္မႈ ဆရာ/မမ်ားအား လုပ္ငန္း၀န္ပိေစႏိုင္ဟုဆို

အေျခခံပညာအတန္းမ်ား ေက်ာင္းတက္ရက္တိုးျမင့္သတ္မွတ္မႈ ဆရာ/မမ်ားအား လုပ္ငန္း၀န္ပိေစႏိုင္ဟုဆို

0
By Editor on January 22, 2020 Khonumthung

Zawgyi

By လားႏြန္ – အေျခခံပညာအတန္းမ်ား၏ ေက်ာင္းဖြင့္ရက္ကို မတ္လကုန္ပိုင္းအထိ ပညာေရး၀န္ႀကီးဌာနမွ သတ္မွတ္လိုက္ျခင္း သည္ ေက်ာင္းဆရာ/မမ်ားအတြက္ လုပ္ငန္း၀န္ပိေစမည္ျဖစ္သည့္အတြက္ ျပန္လည္စဥ္းစားေစခ်င္သည္ဟု ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕အေျခ စိုက္ Chinbridge Institute မွ ညြန္ၾကားေရးမွဴးခ်ဴပ္ ဆလိုင္းဗန္က်ံဳးလ်န္ကေျပာသည္။

“က်ေနာ္က ဆရာ/မမ်ားနဲ႔ က်ေနာ့္ရည္ရြယ္ခ်က္ကတူတာေပ့ါေနာ္ ဒါကသူတို႔ စာသင္ခ်ိန္တိုးတယ္ဆိုေတာ့ ဆရာ/မအတြက္ဆိုရင္ ေတာ္ေတာ္ေလးကိုခက္မယ္ ဘာျဖစ္လို႔လဲဆိုရင္ စာေမးပြဲေျဖတာ စစ္တာနဲ႔ဆိုရင္ နည္းနည္းေလးဆရာ/မေတြ Work Overload (အလုပ္မတန္တဆ ၀န္တင္သည္) ျဖစ္တာေပါ့ ဒါေၾကာင့္မို႔လို႔ စာသင္ခ်ိန္တိုးျမွင့္တာကိုျပန္ျပီးေတာ့ စဥ္းစားသင့္တယ္လို႔ က်ေနာ္ယူဆမိတယ္ ေနာက္တစ္ခ်က္ေတာ့ အဲလိုမ်ိဳးစာသင္ခ်ိန္တိုးတာ ခ်င္းျပည္နယ္အတြက္ဆိုရင္ စာသင္ခ်ိန္ဇယားေလးကို ျပန္ျပီးေတာ့ ေျပာင္းကိုေျပာင္းေစခ်င္တယ္ ဥပမာ ေဆာင္းရာသီႏွင့္ ေႏြရာသီတက္ၿပီးေတာ့ မိုးရာသီကို ေက်ာင္းပိတ္ရက္ကာလအေနနဲ႔ျပန္ၿပီးသတ္မွတ္ေစခ်င္တာေပါ့” ဟု ဆလိုင္းဗန္က်ံဳးလ်န္ကေျပာသည္။

ပညာေရး၀န္ႀကီးဌာနသည္ ယခုစာသင္ႏွစ္၏ ေက်ာင္းတက္ရက္မ်ားကို မတ္လ (၃၁) ရက္ေန႔အထိ တက္ရမည္ဟု ယခင္က ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္လည္း ေ၀ဖန္ကန္႔ကြက္မႈမ်ားရွိလာသည့္အတြက္ ေဖေဖာ္၀ါရီလ (၉) ရက္ေန႔က က်င္းပေသာ အစည္းအေ၀းတြင္ ေက်ာင္းတက္ရက္ကို မတ္လ (၂၅) ရက္ေန႔အထိ ျပန္လည္ျပင္ဆင္သတ္မွတ္ခဲ့ၾကသည္။

အဆိုပါသတ္မွတ္ခ်က္အရ  ၄ တန္းႏွင့္ ၈ တန္း အစိုးရစစ္စာေမးပြဲမ်ားကို ေဖေဖာ္၀ါရီ (၂၄) ရက္ေန႔မွ မတ္လ (၃) ရက္ေန႔အထိျဖစ္ျပီး တကၠသိုလ္၀င္တန္းစားေမးပြဲကို မတ္လ (၁၁) ရက္ေန႔မွ (၂၀) ရက္ေန႔အထိသတ္မွတ္ထားသည္။

က်န္အေျခခံအတန္းမ်ားကို မတ္လ (၂၃) ရက္မွ (၂၅) ရက္ေန႔အထိ စာေမးပြဲအၿပီးစစ္ေဆးရမည္ျဖစ္သည္။

ဆလိုင္းဗန္က်ဴံးလ်န္က “အခုစာသင္ႏွစ္မွာ အၾကာၾကီးစာသင္ရတာကို နားခ်ိန္ေတာ့ေပးသင့္တယ္၊ အဲလိုမ်ိဳးအခ်ိန္တိုးျပီးေတာ့ တျခားဘာသာေတြထည့္တာထက္ အခ်ိန္ကိုတိုးေပမယ့္ သိပ္ျပီးေတာ့မလိုအပ္တဲ့ ဘာသာေတြကို ေလ်ာ့ျပီးေတာ့ က်ေနာ္တို႔လိုခ်င္တဲ့ ဘာသာရပ္ေတြကိုထည့္လို႔ရတာေပါ့ အဲလိုလုပ္ေပးလို႔ရတယ္” ဟုေျပာသည္။

Chinbridge Institution သည္ ပညာေရးႏွင့္ပတ္သက္၍ အဓိကလုပ္ေဆာင္ေနသည့္အဖြဲ႔ၿပီးျဖစ္ လြန္ခဲ့သည့္ ၂၀၁၇ ခုႏွစ္က ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ သုေတသနႏွင့္ သင္ယူေရးဌာနအျဖစ္ စတင္ဖြင့္လွစ္ခဲ့ၾကသည္။

ပညာဆက္လက္သင္ၾကားရန္ အခက္အခဲျဖစ္ေနသည့္ ခ်င္းေက်ာင္းသားေက်ာင္းသူမ်ားကိုလည္း ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္လ်က္ရွိသည္။

ပညာေရးသုေသသနမ်ားလုပ္ေဆာင္ေနေသာ ဖိလိပိုင္ႏိုင္ငံတြင္ Doctor of Education (D.Ed) ဘြဲ႔ရရွိသည့္ ေဒါက္တာ ဆလုိင္းခင္ေမာင္သိန္းကေတာ့ “အခုက ေက်ာင္းကေစာေစာပိတ္တဲ့အခါၾကေတာ့ တခ်ိဳ႕ကေလးေတြက အိမ္မွာခ်ည္းပဲ အခ်ိန္ျဖဳန္းေနတဲ့အခါၾကေတာ့  February/March လ ကေန April/May (၄) လၾကီးမ်ားေတာင္ ေက်ာင္းပိတ္တဲ့အခါၾကေတာ့ တခ်ိဳ႕ႏိုင္ငံမွာၾကေတာ့ ေက်ာင္းမတက္မျခင္း ေက်ာင္းသားမိဘေတြက ကေလးက ခရီးသြားတဲ့မွတ္တမ္းေတြကိုလည္း သူတို႔က လုပ္ခိုင္းထားတယ္ေလ ျမန္မာႏိုင္ငံမွာက်ေတာ့ ခရီးလည္း မသြားခိုင္းတဲ့အခါၾကေတာ့ မျဖစ္ႏုိင္ဘူးေပါ့ တခ်ိဳ႕ႏိုင္ငံေတြမွာၾကေတာ့ သူတို႔ေက်ာင္းပိတ္ခ်ိန္ Summer Holiday မွာ ေက်ာင္းသား ခရီးသြားလား၊ မသြားဘူးလား ေက်ာင္းသားမွတ္တမ္းမွာရွိတယ္ ခရီးသြားေလေလ Experience ေတြ မ်ားေလေလေပါ့ ျမန္မာႏိုင္ငံမွာၾကေတာ့ ခရီးလည္းမသြားခိုင္းတဲ့အခါၾကေတာ့ မတ္လအထိ ေက်ာင္းတက္တာကို ကၽြန္ေတာ္သေဘာတူပါတယ္” ဟု ေျပာသည္။

အေျခခံပညာအတန္းမ်ား၏ ေက်ာင္းတက္ရက္ကို မတ္လ (၂၅) ရက္ေန႔အထိ ပညာေရး၀န္ႀကီးဌာနမွ သတ္မွတ္လိုက္ျခင္းသည္ ေက်ာင္းဆရာ/မ မ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ အခက္အခဲ အနည္းငယ္ေတာ့ရွိမည္မွန္ေသာ္လည္း ပိုမိုအက်ဴိးရွိလာမည္ဟု ယံုၾကည္ေၾကာင္း ဖလမ္းေက်ာင္းသားမ်ားအဖြဲ႕ (FPTP) မွ ဥကၠဌ ဆလိုင္းဟင္နရီဘြဲ႕လ်န္ဘိခ္ကေျပာသည္။

“ပညာေရးစနစ္ေတြလည္း ေျပာင္းထားတယ္ဆိုေတာ့ေပါ့ေနာ္  ေကာင္းတယ္လို႔ေတာ့ျမင္ပါတယ္ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ဆရာ/မေတြေရာ ေက်ာင္းသား/ေက်ာင္းသူေတြေရာ ခက္မွာ၊ ဒါေပမဲ့ ပိုျပီးေတာ့လည္း အက်ိဳးရိွမယ္လို႔ေတာ့ ထင္ပါတယ္ တျခားႏိုင္ငံေတြၾကည့္မယ္ဆိုရင္လည္း အဲလိုပဲ သူတို႔က ေက်ာင္းပိတ္ရက္က နည္းနည္းေလးနဲ႔ မ်ားမ်ားပညာသင္ခြင့္ရတယ္ ပညာသင္ခြင့္အခ်ိန္မ်ားမ်ားရတယ္ဆိုေတာ့ အက်ိဳးရိွွမယ္လို႔ေတာ့ထင္ပါတယ္” ဟု ဥကၠဌကေျပာသည္။

ေႏြရာသီေက်ာင္းပိတ္ရက္မွာ ဧျပီ ႏွင့္ ေမ (၂) လသာျဖစ္ေၾကာင္း ၂၀၁၉ -၂၀၂၀ စာသင္ႏွစ္တြင္ ၄ တန္း၊ ၈ တန္း၊ ၁၀ တန္းမွလြဲ၍ အေျခခံပညာအတန္းမ်ား၏ ေက်ာင္းတက္ကာလသည္ မတ္လ ၂၅ အထိျဖစ္ေၾကာင္း ပညာေရး၀န္ၾကီးဌာနမွ သတ္မွတ္ထားသည္။

Unicode

By လားနွန် – အခြေခံပညာအတန်းများ၏ ကျောင်းဖွင့်ရက်ကို မတ်လကုန်ပိုင်းအထိ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်လိုက်ခြင်း သည် ကျောင်းဆရာ/မများအတွက် လုပ်ငန်းဝန်ပိစေမည်ဖြစ်သည့်အတွက် ပြန်လည်စဉ်းစားစေချင်သည်ဟု ချင်းပြည်နယ် ဟားခါးမြို့အခြေ စိုက် Chinbridge Institute မှ ညွန်ကြားရေးမှူးချူပ် ဆလိုင်းဗန်ကျုံးလျန်ကပြောသည်။

“ကျနော်က ဆရာ/မများနဲ့ ကျနော့်ရည်ရွယ်ချက်ကတူတာပေါ့နော် ဒါကသူတို့ စာသင်ချိန်တိုးတယ်ဆိုတော့ ဆရာ/မအတွက်ဆိုရင် တော်တော်လေးကိုခက်မယ် ဘာဖြစ်လို့လဲဆိုရင် စာမေးပွဲဖြေတာ စစ်တာနဲ့ဆိုရင် နည်းနည်းလေးဆရာ/မတွေ Work Overload (အလုပ်မတန်တဆ ဝန်တင်သည်) ဖြစ်တာပေါ့ ဒါကြောင့်မို့လို့ စာသင်ချိန်တိုးမြှင့်တာကိုပြန်ပြီးတော့ စဉ်းစားသင့်တယ်လို့ ကျနော်ယူဆမိတယ် နောက်တစ်ချက်တော့ အဲလိုမျိုးစာသင်ချိန်တိုးတာ ချင်းပြည်နယ်အတွက်ဆိုရင် စာသင်ချိန်ဇယားလေးကို ပြန်ပြီးတော့ ပြောင်းကိုပြောင်းစေချင်တယ် ဥပမာ ဆောင်းရာသီနှင့် နွေရာသီတက်ပြီးတော့ မိုးရာသီကို ကျောင်းပိတ်ရက်ကာလအနေနဲ့ပြန်ပြီးသတ်မှတ်စေချင်တာပေါ့” ဟု ဆလိုင်းဗန်ကျုံးလျန်ကပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ယခုစာသင်နှစ်၏ ကျောင်းတက်ရက်များကို မတ်လ (၃၁) ရက်နေ့အထိ တက်ရမည်ဟု ယခင်က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ဝေဖန်ကန့်ကွက်မှုများရှိလာသည့်အတွက် ဖေဖော်ဝါရီလ (၉) ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် ကျောင်းတက်ရက်ကို မတ်လ (၂၅) ရက်နေ့အထိ ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြသည်။

အဆိုပါသတ်မှတ်ချက်အရ ၄ တန်းနှင့် ၈ တန်း အစိုးရစစ်စာမေးပွဲများကို ဖေဖော်ဝါရီ (၂၄) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိသတ်မှတ်ထားသည်။

ကျန်အခြေခံအတန်းများကို မတ်လ (၂၃) ရက်မှ (၂၅) ရက်နေ့အထိ စာမေးပွဲအပြီးစစ်ဆေးရမည်ဖြစ်သည်။

ဆလိုင်းဗန်ကျူံးလျန်က “အခုစာသင်နှစ်မှာ အကြာကြီးစာသင်ရတာကို နားချိန်တော့ပေးသင့်တယ်၊ အဲလိုမျိုးအချိန်တိုးပြီးတော့ တခြားဘာသာတွေထည့်တာထက် အချိန်ကိုတိုးပေမယ့် သိပ်ပြီးတော့မလိုအပ်တဲ့ ဘာသာတွေကို လျော့ပြီးတော့ ကျနော်တို့လိုချင်တဲ့ ဘာသာရပ်တွေကိုထည့်လို့ရတာပေါ့ အဲလိုလုပ်ပေးလို့ရတယ်” ဟုပြောသည်။

Chinbridge Institution သည် ပညာရေးနှင့်ပတ်သက်၍ အဓိကလုပ်ဆောင်နေသည့်အဖွဲ့ပြီးဖြစ် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သုတေသနနှင့် သင်ယူရေးဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြသည်။

ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသည့် ချင်းကျောင်းသားကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်လျက်ရှိသည်။

ပညာရေးသုသေသနများလုပ်ဆောင်နေသော ဖိလိပိုင်နိုင်ငံတွင် Doctor of Education (D.Ed) ဘွဲ့ရရှိသည့် ဒေါက်တာ ဆလိုင်းခင်မောင်သိန်းကတော့ “အခုက ကျောင်းကစောစောပိတ်တဲ့အခါကြတော့ တချို့ကလေးတွေက အိမ်မှာချည်းပဲ အချိန်ဖြုန်းနေတဲ့အခါကြတော့ February/March လ ကနေ April/May (၄) လကြီးများတောင် ကျောင်းပိတ်တဲ့အခါကြတော့ တချို့နိုင်ငံမှာကြတော့ ကျောင်းမတက်မခြင်း ကျောင်းသားမိဘတွေက ကလေးက ခရီးသွားတဲ့မှတ်တမ်းတွေကိုလည်း သူတို့က လုပ်ခိုင်းထားတယ်လေ မြန်မာနိုင်ငံမှာကျတော့ ခရီးလည်း မသွားခိုင်းတဲ့အခါကြတော့ မဖြစ်နိုင်ဘူးပေါ့ တချို့နိုင်ငံတွေမှာကြတော့ သူတို့ကျောင်းပိတ်ချိန် Summer Holiday မှာ ကျောင်းသား ခရီးသွားလား၊ မသွားဘူးလား ကျောင်းသားမှတ်တမ်းမှာရှိတယ် ခရီးသွားလေလေ Experience တွေ များလေလေပေါ့ မြန်မာနိုင်ငံမှာကြတော့ ခရီးလည်းမသွားခိုင်းတဲ့အခါကြတော့ မတ်လအထိ ကျောင်းတက်တာကို ကျွန်တော်သဘောတူပါတယ်” ဟု ပြောသည်။

အခြေခံပညာအတန်းများ၏ ကျောင်းတက်ရက်ကို မတ်လ (၂၅) ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်လိုက်ခြင်းသည် ကျောင်းဆရာ/မ များနှင့် ကျောင်းသား/ကျောင်းသူများအတွက် အခက်အခဲ အနည်းငယ်တော့ရှိမည်မှန်သော်လည်း ပိုမိုအကျိူးရှိလာမည်ဟု ယုံကြည်ကြောင်း ဖလမ်းကျောင်းသားများအဖွဲ့ (FPTP) မှ ဥက္ကဌ ဆလိုင်းဟင်နရီဘွဲ့လျန်ဘိခ်ကပြောသည်။

“ပညာရေးစနစ်တွေလည်း ပြောင်းထားတယ်ဆိုတော့ပေါ့နော် ကောင်းတယ်လို့တော့မြင်ပါတယ် ဒါပေမဲ့ လောလောဆယ်တော့ ဆရာ/မတွေရော ကျောင်းသား/ကျောင်းသူတွေရော ခက်မှာ၊ ဒါပေမဲ့ ပိုပြီးတော့လည်း အကျိုးရှိမယ်လို့တော့ ထင်ပါတယ် တခြားနိုင်ငံတွေကြည့်မယ်ဆိုရင်လည်း အဲလိုပဲ သူတို့က ကျောင်းပိတ်ရက်က နည်းနည်းလေးနဲ့ များများပညာသင်ခွင့်ရတယ် ပညာသင်ခွင့်အချိန်များများရတယ်ဆိုတော့ အကျိုးရှိမယ်လို့တော့ထင်ပါတယ်” ဟု ဥက္ကဌကပြောသည်။

နွေရာသီကျောင်းပိတ်ရက်မှာ ဧပြီ နှင့် မေ (၂) လသာဖြစ်ကြောင်း ၂၀၁၉ -၂၀၂၀ စာသင်နှစ်တွင် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်းမှလွဲ၍ အခြေခံပညာအတန်းများ၏ ကျောင်းတက်ကာလသည် မတ်လ ၂၅ အထိဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.