• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဦးမန်မွန်းပြောင် သတ်ဖြတ်ခံရမှုအပေါ် ဇိုချင်းနွယ်စုအဖွဲ့ United Zo Organization (USA) က ကန့်ကွက်ရှုတ်ချ

ဦးမန်မွန်းပြောင် သတ်ဖြတ်ခံရမှုအပေါ် ဇိုချင်းနွယ်စုအဖွဲ့ United Zo Organization (USA) က ကန့်ကွက်ရှုတ်ချ

0
By Editor on September 9, 2023 Khonumthung

(003PT)

ဦး မန်မွန်းပြောင်ကို CDF-Tonzang တပ်ရင်း ၂ အဖွဲ့က သြဂုတ်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်နှင့်ပက်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ဇိုချင်းမျိုးနွယ်စု United Zo Organization (USA) က ကန့် ကွတ်ရှုတ်ချလိုက်သည်။ 

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးမန်မွန်းပြောင်သည် တော်လှန်ရေးနှောက်ယှက်မှု၊ ငွေကြေးလိမ်လည်မှုနင့် သတင်းပေးဒလန် ဆောက်ရွက်မှုတွေ တွေ့ရှိရသည်ဟု စွပ်စွဲချက်ဖြင့် CDF-Tonzang တပ်ရင်း (၂) က ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သားသမီး ၅ ဦး၏ ဖခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ်ဦး မန်မွန်းပြောင်သည် ကလေးမြို့ တက္ကသိုလ်တွင် သမိုင်းဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရရှိသူဖြစ်သည့်အပြင် လက်ရှိ နေထိုင်ရာ ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်ဥက္ကဌ အဖြစ်လည်းကောင်း၊ ချင်းလူငယ် အဖွဲ့စည်း Zo Youth Organization အဖွဲ့၏ ဥက္ကဌရာထူး တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ချင်းလူမျိုးအတွက် ကျရာတာဝန်များကို ကြိုးစားအားထုတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ကထုတ်ပြန်‌သော United Zo Organization (USA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDF-Tonzang တပ်ရင်း ၂ အနေဖြင့် ဦးမန်မွန်းပြောင်းအား အပြစ်မရှိအပြစ်ရှာကာ အပြစ်ကျူးလွန်ကြောင်း မတရားခံဝန် ကတိထိုးခိုင်းပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်လောင်းကိုလည်း ယနေ့ထိ ပြန်မပေးသည့်အတွက် အလောင်းကို သဂြိုလ်ခွင့်မရရှိခဲ့သည်မှာ ဇိုချင်းထုံးတမ်းဓလေ့ကို အလေးမထားသည့်အပြင် မထီမဲ့ပြုခြင်းသာဖြစ်သည်ဟု UZO (USA) က ဆိုသည်။

NUG အစိုးရ၏ ထုတ်ပြန်ထားသည့် လက်နက်ကိုင်အဖွဲ့စည်းများ၏ ကျင့်ဝတ်နှင့် စည်းမျဥ်းဥပဒေများကို လိုက်ခြင်းမရှိဘဲ ဦးမန်မွန်းပြောင်အား သတ်ဖြတ်မှုမှာ ခွင့်လွတ်နိုင်သည့်ကိစ္စမဟုတ်သည့်အပြင် အမှန်တရား နှင့် တရားမျှတမှုရရှိ သည်အထိ ဖြေရှင်းသွားမည်ဟု United Zo Organization (USA) က ထုတ်ပြန်ထားသည်။

ဦးမန်မွန်းပြောင် သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ CDF-Tonzang တပ်ဖွဲ့ဗဟိုဌာနချုပ်ကလည်း ဩဂုတ်လ ၂၇ ရက် နေ့က ကြေညာချက်ထုတ်ပြန်ကာ CDF-Tonzang တပ်ရင်း (၃)၊ တပ်ခွဲ (၃) ၏ တပ်ခွဲမှူးဖြစ်သော ဦးမန်မွမ်းပြောင်ကို အပြစ်မရှိ၊ အပြစ်ရှာပြီး အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်လိုက်ခြင်းကြောင့် CDF – တွန်းဇံ တပ်ရင်း (၂) တစ်ခုလုံးကို အဖွဲ့၀◌င်အဖြစ်မှ တရားဝင် ထုတ်ပယ်လိုက်သည်ဟု ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.